အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသအသီးသီး၌ ကူညီကယ် ဆယ်ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိစဉ် မန္တလေးမြို့ Sky Villa ကွန်ဒို ပြိုကျမှုမှ မြေး အဖွားသုံးဦး လွတ်မြောက်လာမှုအား ၎င်းတို့၏ဖခင်ဖြစ်သူ၏ လူမှုကွန်ရက်တွင် ဖော်ပြ မှုများအရ သိရှိရပါသည်။