ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် နေပြည်တော်၊ ဇူလိုင် - ၂၂

Thursday, July 23, 2026 - 09:00

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

        ဦးစွာ မြန်မာနိုင်ငံဆိုင်ရာကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ ဂုဏ်ပြုဆောင်ခန်းမသို့ ရောက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကာဇက်စတန်သမ္မတနိုင်ငံအလံ တို့အားအလေးပြုသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို တီးမှုတ်ကြသည်။

        ယင်းနောက် နိုင်ငံတော်သမ္မတ၏ဧည့်ဆောင်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Margulan Baimukhan က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား အလှမ်းကွာဝေး သော်လည်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာ တိုးတက် ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအဖွဲ့မှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ် ကာဇက်စတန်နိုင်ငံအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူလျက်ရှိမှု၊ မကြာမီကာလအတွင်း ကာဇက်စတန်နိုင်ငံတွင် ပါလီမန်ရွေး ကောက်ပွဲကျင်းပပြုလုပ်သွားမည့်အခြေအနေနှင့် မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင် မှ တာဝန်ရှိသူများကို လာရောက်လေ့လာနိုင်ရေးဖိတ်ကြားထားရှိမှု၊နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊  စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ထုတ်လုပ်ရေး ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဒစ်ဂျစ်တယ် နည်းပညာကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက် မှုများမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေ၊ ကာဇက်စတန်နိုင်ငံ၌ ရွေးကောက် ပွဲကျင်းပပြုလုပ်ပြီးချိန်တွင် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်ဆောင်ရွက် သွားမည့်အခြေအနေ၊ ကာဇက်စတန်နိုင်ငံအနေဖြင့် အလယ်အာရှဒေသတွင်တည်ရှိပြီး တရုတ်နိုင်ငံကိုဖြတ်သန်း၍ မြန်မာနိုင်ငံမှတစ်ဆင့် တောင်အာရှနိုင်ငံများနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးကူးလူးဆက်ဆံမှုများ တိုးမြှင့် ဆောင်ရွက်သွား နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသတွင်းနိုင်ငံ များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ဆက်ဆံရေးတိုးတက် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ သံတမန်ဆက်ဆံမှုများ ယခုထက် ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံဆိုင်ရာကာဇက်စတန် သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်း တင်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။   (သတင်းစဉ်)