news

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများနှင့်ဘာသာရေး အသင်းအဖွဲ့အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဧပြီ - ၁

          ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်   အင်အားပြင်းမြေငလျင်  လှုပ်ရှားမှုကြောင့်   လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများသို့   ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်း

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင်   အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊တိုက်အမှတ် ၃၃၆၉ တွင် ပိတ်မိနေသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦး၏ ယောက္ခမတော်စပ်သူ ကျန်းမာရေးဝန်ကြီးဌာန၊ ဌာနခွဲစာရေးကြီး(အငြိမ်းစား) ဒေါ်စန်းစန်းထွေး အသက် ၆၂ နှစ် ဖြစ်သူအား မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးမီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေး ဦးဆောင်သော မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များက ယနေ့  နံနက် ၈ နာရီ ၁၅ မိနစ်ခန့်မှ စတင်ကယ်ဆယ်ဆောင်ရွက်ခဲ့ရာ ၉ နာရီ ၁၅ မိနစ်ခန့်တွင် အသက်ရှင်လျက်အောင်မြင

မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ် သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သား သားစုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ယနေ့တွင် အဆိုပါလုပ်ငန်းများ၌   ဆက်စပ် ပါဝင်ခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား  ငါး ဦးကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည် ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့  လူသားချင်း  စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း  ချစ်ကြည်ရင်းနှီး

          ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် အင်အားအလွန်ပြင်းထန်သည့် မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် စာနာ နားလည်မှုများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရသဖြင့် မြေငလျင်ဘေးသင့် ပြည်သူ များအား အလှူငွေပေးအပ်ပွဲများကို ယနေ့တွင် ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ စေတနာရှင်အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော်၊ ၂၀၂၅ ဧပြီ ၁ ရက်

          ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် အင်အားပြင်းမြေငလျင်   လှုပ်ရှားမှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုပ်ရှားမှု များကို  တိုင်း ဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များ၊ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ အသီးသီးကျင်းပ ပြုလုပ်ကြသည်။

    ငလျင်ဘေးဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းပွဲကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး အလှူငွေများ လက်ခံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဘေးဒဏ်ကြောင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးမှုအား ားရောက် ကြည့်ရှုစစ်ဆေး လိုအပ်သည်များလမ်းညွှန်မှာကြား

ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများကွဲအက်ခြင်းတို့ (လုံးဝ) မရှိကြောင်းနှင့် အခြားသာသနိက အဆောက်အဦများတွင် ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိရ

နေပြည်တော်၊ ဧပြီ - ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦများအား သွားရောက် ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များလမ်းညွှန်မှာကြား

နေပြည်တော်၊ ဧပြီ - ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၉ ရက်၊ ၃၀ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။