တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သီပေါမြို့အား ပြန်လည်ထိန်းချုပ်၊ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်တော့မည်ဖြစ် နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာလ - ၁၇
news
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ရောက်ရှိနေထိုင်သည့် သူဇာမောင် (ခ) Rashidah Binti Abdul Azeez သည် မလေးရှားနိုင်ငံ၌ မြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီ(Myanmar Muslim Refugee Community-MMRC)ကိုဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ယင်းအဖွဲ့အစည်းမှ ရရှိသောငွေကြေးအကျိုးအမြတ်များဖြင့် အကြမ်းဖက်အုပ်စုဖြစ်သည့် NUG အဖွဲ့ကို ငွေကြေး ထောက်ပံ့ခြင်း၊ NUG အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းကို မြစ်သားမြို့နယ်၊ မြစ်သားမြို့မရဲစခန်း၌ (ပ)၁၄၀/၂၀၂၂ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှု ဖွင့်ပြီး မြစ်သားမြို့နယ်တရားရုံးသို့ ယင်းဥပဒေပုဒ်မ ၅၂(က)/ရာဇဝတ်ကျင့်
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့ မွန်းလွဲပိုင်း တွင် တွေ့ဆုံအမှာစကားပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဗီယက်နမ် - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Chu Cong Phung ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။
တပ်မတော်အနေဖြင့် TNLA အကြမ်းဖက်အဖွဲ့နှင့် DPLA ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် မြို့/ရွာများအား ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)များကို ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်တွင် လည်းကောင်း၊ ကျောက်မဲမြို့အား အောက်တိုဘာ ၁ ရက် တွင်လည်း ကောင်း တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ထူထောင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဒေသခံ ပြည်သူများက အတူတကွပူးပေါင်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ကျောင်းသား၊ ကျောင်းသူများ အမြန်ဆုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကို အောက်တိုဘာ ၈ ရက်တွင်လည်းကောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းကို အောက်တိုဘာ ၁၅ ရက် တွင် လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် အခြေခံပညာအထက်တန်းကျောင်း (နောင်ပိန်)ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ရာ ယနေ့အထိ အခြေခံပညာကျောင်း ၄ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း
မေး။ ဒီနေ့က NCA (၁၀)နှစ်ပြည့်ဆိုတော့ ဒီနေ့အခမ်းအနားနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လည်း မိန့်ခွန်းပြောသွားတာရှိပါတယ်။ NCA (၁၀)နှစ်ပြည့်နဲ့ပတ်သက်ပြီး ပထမဆုံးဗိုလ်ချုပ်ဘာများပြောချင်တာရှိပါသလဲခင်ဗျာ့။










