မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကုန်တင်ရေယာဉ်တစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ် နေပြည်တော်၊ ၂၀၂၆ ဇူလိုင် ၉ ရက်

Friday, July 10, 2026 - 05:30

တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဘုတ်ကျွန်းအနီး မြန်မာ့ပင်လယ်ပြင်အတွင်းလုံခြုံရေး ဆောင် ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ကုလားကုတ်ကျွန်း၏အနောက်ဘက် ရေမိုင် ၂၇.၅ မိုင် အကွာ၌ MV ATK Nyein အမည်ရှိ ကုန်တင်ရေယာဉ်တစ်စီး ရေဝင်နစ်မြုပ်နေကြောင်း MV Oceanstar ကုန်တင်ရေယာဉ်၏ သတင်းပေးပို့ချက်အရ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ ဇူလိုင်လ ၈ ရက်၊  ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် ကုန်တင် ရေယာဉ် အားတွေ့ရှိခဲ့ပြီး ကုန်တင်ရေယာဉ်ပေါ်တွင် လိုက်ပါလာသော အမှုထမ်း ၁၂ ဦးအား စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ယနေ့နံနက် ၁၀ နာရီတွင် မော်လမြိုင်မြို့၊ ရာဇာမင်းတံတား၌ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။