အခြေခံပညာ‌ကျောင်းများ၊ ပြည်သူ့ဆေးရုံနှင့် ပန်းခြံများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ ဇူလိုင် ၁၈

Saturday, July 18, 2026 - 04:15

 အခြေခံပညာ‌ကျောင်းများ၊ ပြည်သူ့ဆေးရုံနှင့် ပန်းခြံများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ ဇူလိုင် ၁၈

            တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော် ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့် အများ ပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္က သိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပစေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

            ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဉတ္တရသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အပါအဝင် မြို့နယ်(၅)မြို့နယ် နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ရှိ အခြေခံပညာ‌ကျောင်းများ၊ ပြည်သူ့ဆေးရုံ၊ ပန်းခြံနှင့် သောက်သုံးရေကန်တို့၏  ပတ်ဝန်းကျင်သန့်ရှင်း သာယာရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ချုံနွယ် ပေါင်းမြက်များနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်း ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များ တွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေးဖျန်းခြင်း၊ ကျောင်းစာသင်ခန်း များအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်းနှင့် ပြုပြင်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ကြ သည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။