Information Sheet (Myanmar & English) 18-4-2022
news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာ ဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လမ်းညွှန်မှာကြား
နေပြည်တော်၊ ဧပြီ - ၁၈
ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေး ဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ပြင်ဦးလွင်မြို့၏ ထူးခြားသည့် ဝိသေသများကို အကျိုးရှိရှိအသုံးချ၍ မြို့ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်
နေပြည်တော်၊ ဧပြီ - ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊ နိုင်ငံတော်အစိုးရ ဧည့်ဂေဟာရှိ အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ မြို့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ် များအားဆွေးနွေးမှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် Governor House ထိန်းသိမ်းထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ - ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ဘုရင်ခံအိမ်တော် (Governor House) ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၃၇ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ ဧပြီ - ၁၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော်၊ ဧပြီ - ၁၈
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈၈ ဦး၊ အမျိုးသမီး ၁၂၈ ဦး၊ စုစုပေါင်း ၃၁၆ ဦးတို့ကို လက်ခံခဲ့ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုထိုး၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိ
နေပြည်တော်၊ ဧပြီ - ၁၇
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုထိုး၊ စေတီများ၌ ကုသိုလ် ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိရာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဗိုလ်တစ်ထောင်စေတီတော်၊ ကျောက်တော်ကြီးဘုရား၊ စွယ်တော်ဘုရားတို့အပါအဝင် တန်ခိုးကြီးဘုရားစေတီများ၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၊ ပြင်ဦးလွင်မြို့ရှိ မဟာအံထူးကံသာဆုတောင်းပြည့်ဘုရားကြီး၊ နေပြည်တော်ရှိ ဉပ္ပါတသန္တိစေတီတော် မြတ်ကြီးတို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု
နေပြည်တော် ဧပြီ - ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အား ဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက အမိန့်အမှတ် ၃၀/၂၀၂၂ နှင့် ၃၁/၂၀၂၂ တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၄၂ ဦး၊ စုစုပေါင်း ၁၆၁၉ ဦး တို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်း သိရသည်။