news

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၁၃

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁၂ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၉ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဧပြီ - ၁၂

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၉၈၆၄ ဦး၊ ရခိုင်ပြည်နယ်နှင့်

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

နေပြည်တော်၊ ဧပြီ -  ၁၂               

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အဓိကကျသောလုပ်ငန်းစဉ်တစ်ရပ်တွင်ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ပို့ ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ပင်လည်ဘူးမြို့နယ်အတွင်း၌ KIA အဖွဲ့နှင့်PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့ အများပြည်သူပိုင် အဆောက်အဦနှင့် လူနေအိမ်များအား အကာအကွယ်ယူ၍ လုံခြုံရေးတပ်ဖွဲ့များအား ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ချေမှုန်း

မုံရွာ ဧပြီ ၁၁ ရက် 

          KIAအဖွဲ့နှင့် NLDပါတီထောက်ခံသူ အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ် ပတ်ဝန်းကျင်တွင် စခန်းများ ဆောက်လုပ်ခိုအောင်းပြီး အပြစ်မဲ့ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းများအပြင် မြို့တွင်းသို့ဝင်ရောက်၍ နိုင်ငံပိုင်အဆောက်အဉီများ၊ အများ ပြည်သူနှင့် သက်ဆိုင်သောဆေးရုံများ၊ ကျောင်းများ၊ လူနေအိမ်များ၊ ကျေးရွာများ၊ စျေးများ၊  နိုင်ငံပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများအား အကာအကွယ်ရယူကာ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက စနစ်တကျစုဖွဲ့၍ တိုက်ခိုက်ချေမှုန်းခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဧပြီ - ၁၁

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိ “ကမ္ဘောဇ”ဘဏ်ခွဲမှ ငွေကျပ်သိန်း ၂၁၇၀ ခန့်ကို ဓားပြတိုက်မှုကျူးလွန်ခဲ့သူများအား သက်သေခံငွေ၊ လက်နက်ခဲယမ်း၊ စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၁

            ၂၀၂၂ ခုနှစ်၊ ဧပြီလ ရက် မွန်းလွဲ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိကမ္ဘောဇဘဏ်ခွဲအတွင်းသို့ အမျိုးသား ဦးက ဘဏ်အကောင့်ပြုလုပ်လိုကြောင်း ပြော၍ ဝင်ရောက်လာပြီး ဘဏ်အတွင်းကြိုတင်ရောက်ရှိနေသည့် အမျိုးသား ဦးတို့နှင့် ပူးပေါင်းကာ ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးအား ကျဉ်စက်ဖြင့်ထိုး၍  ဘဏ်ဝန်ထမ်းများနှင့် ဘဏ်အတွင်း ငွေသွင်း၊ ငွေထုတ်ရန်ရောက်ရှိနေသူများ၏ လက်ကိုင်ဖုန်း များအား သေနတ်ပြခြိမ်းခြောက် လုယက်ယူဆောင်ကာ ဘဏ်အတွင်းစုထိုင်ခိုင်းပြီး ဘဏ်ကောင်တာ အတွင်းနှင့်် ကောင်တာအပေါ်၌ ထားရှိသည့် ငွေကျပ်သိန်း ၂၁၇၀ ခန့်ကို အသင့်ယူဆောင် လာသည့် လက်ကိုင်ပါပီနံအိတ် လုံးအတွင်းထည့်၍ ဓားပြတိုက်လုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း ()၁၆၇/ ၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၅/၃၂၃ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၁၁

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈၀ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၂၀၄ ဦးတို့အား လက်ခံခဲ့ကြသည်။ ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ် ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုရှင်းလင်းပြောကြားခြင်း တို့ကိုစနစ်တကျဆောင်ရွက်ပေးပြီးတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည်များကူညီဆောင်ရွက်ပေးကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ - ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား  တပ်မတော်ဧည့်ဂေဟာ၊ အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများကို ဆွေးနွေးသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပေးပို့ပြီး ပြန်လာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမားများက သေနတ်ဖြင့်ချောင်းမြောင်း ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး အမျိုးသားတစ်ဦး သေဆုံးကာ ဒုမြို့နယ်ပညာရေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဧပြီ ၁၀

            ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပေးပို့ပြီး ပြန်လာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမားများက သေနတ်ဖြင့်ချောင်းမြောင်း ပစ်ခတ် ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး အမျိုးသားတစ်ဦး သေဆုံးကာ ဒုမြို့နယ်ပညာရေးမှူး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဧပြီ ၁၀

            မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအနောက်ဘက်ရှိ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်၊ လက်ပံတိုနှင့် သာကြီးတောင်ရေနံမြေတို့သို့ ရေမောင်းနှင် ပေးပို့သည့် ရေမောင်းနှင်သည့် ပန့်စက်ရုံအား ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။