နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ၊ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး
နေပြည်တော်၊ ဇူလိုင် -၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် ဒေသခံဘာသာရေးခေါင်းဆောင် များနှင့် လဟယ်မြို့ရှိ စာရာမေရိရိပ်သာခန်းမ၌ တွေ့ဆုံ၍ ၎င်းတို့၏ တင်ပြချက်များ အပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။





































