ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၈ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၈ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်)
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီး အား မိုင်းဆွဲတိုက်ခိုက်၍ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၁၀၄ မိုင်နှင့် ၁၀၄ မိုင် ၁ ဖာလုံကြားရှိ “ကျီးရိုး” ရိုးချောင်း တံတားအမှတ်(၁/၁၀၅)အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ သည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင်ကြား/ စီမံဆရာများ၏ သုတေသနစာတမ်းဖတ်ပွဲ အောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီဗုဒ္ဓတက္ကသိုလ်၊ ချမ်းမြေ့ဂုဏ်ဝေပရိယတ္တိ သီလရှင်စာသင်တိုက်ကြီး၌ပြုလုပ်ရာ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၁၂ ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့၌ ဒေသခံပြည်သူ ၁၃၁၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးအတွင်းရှိဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည့်တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ ပြန်လည်ရောက်ရှိ၊ဒေသခံပြည်သူစုစုပေါင်း ၇၄၂၈ ဦးတို့အားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများဆောင်ရွက်ပေး ရန်သွားရောက်ခဲ့သည့် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချူပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်လှမြင့်စိုး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူးနှင့်တပ်မတော်အရာရှိကြီးများက ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၌ ကြိုဆိုနှုတ်ဆက်ကြသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ အမျိုးသမီး ၁ ဦးက ၎င်း၏ KBZ Bank Account အတွင်းမှ ငွေကျပ် ၁၀၂၀ သိန်းအားလည်းကောင်း၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကမာရွတ်မြို့နယ်နေ အမျိုးသမီး ၁ ဦးက ၎င်း၏ KBZ Bank Account အတွင်းမှ ငွေကျပ် ၃၇၀ သိန်းအားလည်းကောင်း မသမာသူများက Online အသုံးပြု၍ လိမ်လည် ထုတ်ယူသွားကြောင်း အမှုများဖွင့်လှစ်တိုင်ကြားလာသဖြင့် သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တို့ရှိ သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် အမှုများဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။