ပညာရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဇူလိုင် ၁၁
ကာကွယ်ရေးဦးစီးချုပ်ရုံး ( ကြည်း ) ၊ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက် တပ်ကျောင်းများနှင့် အခြေ ခံပညာကျောင်းများ ပညာရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ် ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်း နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းနှင့် ဖိတ်ကြားထားသူများ၊ တပ်မတော်ပညာရေးကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ တပ်မတော်အခြေခံပညာကျောင်းများမှ ကျောင်း အုပ်ချုပ်မှု တာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။











