ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၃၆ ဦး၊ စုစုပေါင်း ၈၃ ဦးတို့အားလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၈၃ ဦး၊ စုစုပေါင်း ၁၉၇ ဦးတို့အားလည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။