Genocide Convention အရလျှောက်ထားသောအမှု
(ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ)
၂၁ ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ်
Genocide Convention အရလျှောက်ထားသောအမှု
(ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ)
၂၁ ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ်
တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်
ရန်ကုန် ဖေဖော်ဝါရီ ၂၃
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက်တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၉ ဦး၊ အမျိုး သမီး ၃၅ ဦး၊ စုစုပေါင်း ၇၄ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၅ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင် ရောက်လာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၆ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၈၄ ဦး၊ စုစုပေါင်း ၁၉၈ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့ကြ သည်။
ပြည်သူလူထုသို့ အသိပေးကြေညာချက်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၃ ) ရက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မွန်ပြည်နယ်အတွင်း နေအိမ်တွင်သီးသန့်ခွဲခြား နေထိုင်သော ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ (Home Isolation) နှင့် မိဘပြည်သူများအနေဖြင့် ရောဂါနှင့်ပတ်သက်၍ တာဝန်ကျဆရာဝန်နှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းတိုင်ပင်နိုင်မည့် (Teleconsultation Program) အတွက် အထူးကုဆရာဝန်နှင့် ဆေးပညာရှင်များပါရှိသည့် Teleconsultation Team များကို ခရိုင်၊ မြို့နယ်အလိုက် ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါပညာရှင် အဖွဲ့များ၏ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ သက်ဆိုင်ရာခရိုင်၊ မြို့နယ်အလိုက် ဆက်သွယ်နိုင်ပါ ကြောင်း အသိပေးအပ်ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂
မကောင်းဟူသည် ဆိတ်ကွယ်ရာမရှိ၊ ရာဇဝတ်ဘေးပြေးမလွတ်ဟူသည့်အတိုင်း အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် နှင့် အပြစ်မဲ့ပြည်သူလူထုအား သေကြေထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ မည်သို့ပင် လုပ်ဆောင်လျက်ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူလူထုတို့ ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ပြစ်မှုကျူးလွန် သူမှန်သမျှကိုဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိသည်။
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။