Monday, April 24, 2023 - 17:30
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၇ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ကဆုန်လဆန်း ၆ ရက်
( ၂၀၂၃ ခုနှစ် ၊ ဧပြီလ ၂၄ ရက် )
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ ရန်ကုန် - ပဲခူးလမ်းမကြီး၊ အမှတ် (၈၃) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ၏ မှတ်ပုံတင်အမှတ်မှာ (၂) ဖြစ်ပါသည်။
(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်