news

အနုပညာရှင်များစီးနင်းလိုက်ပါလာသည့် မီးရထားကို PDF အမည်ခံ အကြမ်းဖက်သမားများ က မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အသင်းအဖွဲ့အသီးသီးက ကန့်ကွက်ရှုံ့ချ ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မတ် - ၃၀

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်၌ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆို၍ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မတ် ၃၀

          မသမာသူများအနေဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူမှုများ ဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ Facebook အကောင့်ပိုင်ရှင်များအား ဖမ်းဆီးရမိရေးအတွက် အထူး  အမှုစစ်အဖွဲ့များ ဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ငွေစက္ကူအတုအရောင်းအဝယ်ပြုလုပ်ရန် ဖွင့်လှစ်ထားသော Facebook Page များဖြစ်သည့်  “Shine Money” ငွေတုရောင်းဝယ်ရေး၊ “ပိုင်ကြီးပိုင်ကြီး” ၊ “ကွီးကောင်းမြတ်”၊ ခြူးခြူးထိုင်းဘာသာဖြင့်ရေးသားထားသည့် Facebook Page”၊ “အောင်ကောင်းမာန် ငွေတုစက္ကူဖြန့်ဖြူး ရောင်းဝယ်ရေး၊ “ငွေတုရောင်းဝယ်ရေး” Facebook Page တို့အား စိစစ်တွေ့ရှိခဲ့ရပါသည်။

ထိုသို့ စိစစ်တွေ့ရှိရသည့် Facebook Page ပိုင်ရှင်များအား နည်းပညာအကူအညီများဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ “Shine Money” ငွေတုရောင်းဝယ်ရေး Facebook Page အသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင် မြို့နယ်၊ ကျွဲတဲကုန်းကျေးရွာအုပ်စု ညောင်ဝင်းကျေးရွာနေ ဇွဲဝေဖြိုး(၂၂)နှစ်၊ (ဘ)ဦးကျော်သူရမိုးနှင့် အေးပပမျိုး(၁၈)နှစ်၊ (ဘ)ဦးမျိုးညီညီတို့ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည့်အတွက် မတ်လ ၃ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ၎င်းတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ငွေစက္ကူအတုနှင့် ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ငွေစက္ကူအတုများရရှိမည်ဖြစ်ကြောင်း အခြား သူများ ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည်ရယူခဲ့ရာ၌ အသုံးပြုခဲ့သော Facebook Page များဖွင့်လှစ်ထားသည့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

          အလားတူ “ပိုင်ကြီးပိုင်ကြီး” Page၊ “ကွီးကောင်းမြတ် Page၊ ခြူးခြူးPage၊ ထိုင်း ဘာသာဖြင့် ရေးသားထားသည့် Page တို့ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ရာ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ ညောင်ဝင်းကျေးရွာနေ သက်ပိုင်ဖြိုး (၃၀)နှစ်၊ (ဘ)ဦးမျိုးမြင့် ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည့်အတွက် မတ်လ ၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ၎င်း၏နေအိမ်အား ဝင်‌ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတုနှင့်ပတ်သက်၍ ဆက်စပ် ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ၎င်း၏လက်ကိုင်ဖုန်းမှ အထက်ပါအကောင့်များဖြင့် ဆက်သွယ်ရေး ကွန်ရက်အားအသုံးပြုပြီး ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည်ရယူခဲ့ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

          အလားတူ “အောင်ကောင်းမာန်” ငွေတုစက္ကူဖြန့်ဖြူးရောင်းဝယ်ရေး Facebook Page ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ရာ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကျွဲတဲကုန်း ကျေးရွာအုပ်စု၊ ညောင်ဝင်းကျေးရွာနေ ဟိန်းထက်ဖြိုး(၁၈)နှစ်၊ (ဘ)ဦးကျော်စိုးနိုင်မှ အသုံးပြုလျက် ရှိကြောင်း သိရှိရသည့်အတွက် မတ်လ ၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတုနှင့်ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိ သော်လည်း ၎င်း၏လက်ကိုင် ဖုန်းမှ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ငွေအတုများရရှိမည် ဖြစ်ကြောင်းပြောဆိုပြီး အခြားသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ ပါသည်။

          အလားတူ “ငွေတုရောင်းဝယ်ရေး” Facebook Page ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ရာ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ ညောင်ဝင်းကျေးရွာနေ သက်ဝေခိုင်(၁၈) နှစ်၊ (ဘ)ဦးရဲမြင့်၊ အေးပြည့်စုံ(၁၇)နှစ်၊ (ဘ)ဦးမြင့်ဌေး၊ အောင်ခန့်ပိုင်(၁၇)နှစ်၊ (ဘ)ဦးစိန်သောင်းတို့ ၃ ဦးမှ အသုံးပြုလျက်ရှိကြောင်း သိရှိရသည့်အတွက် မတ်လ ၃ ရက်နေ့ ည ၁၀ နာရီခွဲတွင် ၎င်းတို့၏ နေအိမ်များသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတုနှင့်ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်း မရှိသော်လည်း ငွေစက္ကူအတုများရရှိမည်ဖြစ်ကြောင်း အခြား သူများ ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည်ရယူခဲ့ရာ၌ အသုံးပြုခဲ့သော Facebook Page များဖွင့်လှစ်ထားသည့် လက်ကိုင် ဖုန်း ၇ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

          ဖမ်းဆီးရမိသူများ၏ ထွက်ဆိုက်ချက်အရ ၎င်းတို့သည် ငွေစက္ကူအတုများရောင်းဝယ်ရေးဟု ဖော်ပြထားရှိသော်လည်း အမှန်တကယ်ငွေစက္ကူအတုများ ပြုလုပ်၍ အရောင်းအဝယ်ပြုလုပ်ခြင်း မဟုတ်ဘဲ လူမှုကွန်ရက်စာမျက်နှာကိုအသုံးပြု၍ ငွေစက္ကူအတုဝယ်ယူလိုသူများအား ယုံကြည်အောင် ပြောဆိုပြီး ငွေစက္ကူအတုမှာယူရန် ကြိုတင်ငွေလွှဲပေးပို့သည့် ငွေများကို လိမ်လည်ရယူခဲ့ခြင်းဖြစ် ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည့်အတွက် ဖမ်းဆီးရမိခဲ့သူ ဇွဲဝေဖြိုးပါ ဦးတို့အား ကနောင် နယ်မြေရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆()ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားရှိကြောင်း နှင့် အလားတူ ငွေစက္ကူအတုများ အရောင်းအဝယ်ပြုလုပ်သူများအား ဆက်လက်စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ အရောင်းအဝယ်ပြုလုပ်သူများအား သိရှိပါက နီးစပ်ရာရဲစခန်းများသို့ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်း အသိပေးသတင်းထုတ်ပြန် အပ်ပါသည်။

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမား ဦးကကံပွင့်အမွှေးတိုင်အလုပ်ရုံရှိ အမွှေးဆီများသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံးအား မီးရှို့ဖျက်ဆီးပြီး အလုပ်ရုံအတွင်းရှိ အလှူခံပုံးအတွင်းမှ ငွေကျပ် သိန်းအား လုယက်ယူဆောင်ကာ အလုပ်ရုံမန်နေဂျာအား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ မတ် ၃၀

            မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ “ကံပွင့်” အမွှေးတိုင်အလုပ်ရုံအတွင်းသို့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက PDF အမည်ခံအကြမ်းဖက်သမား ၇ ဦး ဝင်ရောက်လာပြီး သေနတ် များဖြင့် ခြိမ်းခြောက်ကာ အလုပ်ရုံဝင်းအတွင်း အမွှေးဆီများသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံးကို  မီးရှို့ဖျက်ဆီးပြီး အလုပ်ရုံအတွင်းရှိ အလှူခံပုံးအတွင်းမှ ငွေကျပ် ၂ သိန်းအား လုယက်ယူဆောင်ကာ အလုပ်ရုံမန်နေဂျာအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

COVAX Facility မှထောက်ပံ့ပြီး UNICEF အဖွဲ့၏အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းသည့် Sinovac (CoronaVac) Vaccine ရောက်ရှိ

နေပြည်တော်၊ မတ် ၃၀

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်အသုံးပြုရန် အတွက် COVAX Facility မှထောက်ပံ့ပြီး UNICEF အဖွဲ့အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းသည့် Sinovac (CoronaVac) Vaccine သည် ယနေ့နေ့လယ် ၃ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးလေဆိပ်မှ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြောင်း သိရှိရသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ မတ် - ၃၀

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၆၂ ဦး၊ အမျိုးသမီး ၁၂၃ ဦး၊ စုစုပေါင်း ၂၈၅ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ မတ် - ၃၀

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်တွင် သွားလာအသုံးပြုလျက်ရှိသည့် ကုန်တင်မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များအား KKO(ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မတ် - ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ ကုန်တင် မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များအား မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ပို့ဆောင်ရန် ကြက်သွန်နီများနှင့် သံတိုသံစများတင်ဆောင်လာသည့် (၁၂)ဘီးမော်တော်ယာဉ် ၂ စီးနှင့် အိမ်စီး မော်တော်ယာဉ် ၂ စီးတို့သည် မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကော့ကရိတ်- မြဝတီသွားအာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတားနှင့် တတန်ကူးတံတားအကြားသို့ ရောက်ရှိစဉ် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။