Genocide Convention အရ လျှောက်ထားသောအမှု
(ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ)
၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်
MR CHRISTOPHER STAKER ၏ ပထမအကြိမ် လျှောက်လဲချက်
ကနဦးကန့်ကွက်လွှာ ပထမနှင့် စတုတ္ထအချက်
နိဒါန်း
ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများ ခင်ဗျာ၊
၁။ ပထမအကြိမ် ကြားနာမှုအပြီးမှာ ဒုတိယအကြိမ်ကြားနာမှုတွင် မည်သည့်ယခင် လျှောက်ထားချက်များကိုမျှ ထပ်မံပြောကြားရန် မလိုကြောင်း ကျွန်တော်တို့ကို သတိပေးခဲ့ ပါတယ်။
၂။ ယခု ဒုတိယအကြိမ်တင်သွင်းမှုတွင် ကျွန်တော့်အနေဖြင့် ပထမနှင့်စတုတ္ထ ကနဉီး ကန့်ကွက်ချက်များကို ဦးစွာတင်ပြမှာဖြစ်ပါတယ်။ Professor Talmon အနေဖြင့် ဒုတိယ ကနဦး ကန့်ကွက်ချက်များကိုတင်ပြမှာဖြစ်ပြီး အဲဒီနောက်မှာတော့ Professor Kolb က တတိယ ကနဦးကန့်ကွက်ချက်များကို တင်ပြမှာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ဖြစ်သူက မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်တင်သွင်းမှု နိဂုံးချုပ်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။