news

(၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့

နေပြည်တော် မတ် ၂၇

ယနေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်း အနားသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

 

နေပြည်တော်၊ မတ် - ၂၇

          (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စုရပ် သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။

၂ဝ၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသည့် 

(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်

ပြောကြားသည့် မိန့်ခွန်း

ရဲဘော်တို့

          ဒို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု၊ ဒို့တာဝန် အရေးသုံးပါး ကာကွယ်စောင့်ရှောက်ခဲ့မှု၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုဆိုင်ရာ သမိုင်းကြောင်းများနဲ့အတူ ယှဉ်တွဲပေါ်ပေါက် လာခဲ့ပြီး အစဉ်အလာကြီးမားစွာရပ်တည်လာခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဒီကနေ့ဆိုရင် (၇၇)နှစ်တာကာလရှိလာပြီဖြစ်တယ်။

(၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်  တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် မတ် ၂၇

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

 

နေပြည်တော်၊ မတ် - ၂၇

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူ များ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ မတ် - ၂၆

(၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား ဂါရဝပြုနှုတ်ဆက်

နေပြည်တော် မတ် ၂၆

 ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများသည်လည်း ပါဝင် တက်ရောက်ကြမည်ဖြစ်ပြီး နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခို နေထိုင်လျက်ရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းတက် ရောက်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီး ချမှတ်

နေပြည်တော်၊ မတ် - ၂၆

          ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ(အလယ်ပိုင်း) နေ ထွန်းသက်ဝင်း(ဘ)ဦးစိန်သောင်းနှင့် မြတ်သီရိလမ်း၊ အမှတ်(၂)ရပ်ကွက်နေ အောင်မြတ်စိုး(ခ)အောင်လေး(ဘ)ဦးဌေးဝင်းတို့သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများ သိုဝှက်သယ်ဆောင်ပေးခြင်း တို့ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၅ ရက်တွင် ၎င်းတို့နှစ်ဦးအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်

နေပြည်တော်၊ မတ် ၂၆

            တိုင်းဒေသကြီး၊ ပြည်နယ်များရှိမြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့်တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်း ဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်နှင့် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်ရှိမြမေတ္တာမွန်စက်သုံးဆီ အရောင်းဆိုင်တို့အား အကြမ်းဖက် သမားများက သေနတ်ပစ်ဖောက် ခြိမ်းခြောက် လုယက်၍ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မတ် ၂၆

              ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ DENKO စက်သုံးဆီ အရောင်း ဆိုင်သို့ အကြမ်းဖက်သမား ၆ ဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ဆီရောင်းချငွေ ငွေကျပ်သိန်း ၆၀ အား လုယက်ယူဆောင်၍ ဆီပန့်များအား လက်ပစ်ဗုံးဖြင့်ဖောက်ခွဲကာ မီးတုတ်များဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။