news

Information Sheet English (21-3-2022)

Information sheet Myanmar (21-3-2022)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့
(၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ မတ် - ၂၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂)ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲ ကျင်းပ

နေပြည်တော်  မတ်   ၂၄

            ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အနုပညာရှင်များက ဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တနင်္သာရီ-မောတောင်လမ်း ပေါ်ရှိ ဗောဓိကမ်းတံတားဖွင့်ပွဲကျင်းပ

မြိတ်၊ မတ် ၂၄

          (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူ တည် ဆောက် ပြီးစီးသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ-မောတောင် လမ်းပေါ်ရှိ အရှည်ပေ ၇၈၇ ပေ ၊ ဗောဓိကမ်း တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့်အညီ ကျင်းပသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ မတ် ၂၄

              အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဟားခါးမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ပြုလုပ် ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယားများ လွှဲပြောင်း ပေးအပ်

နေပြည်တော်၊ မတ် - ၂၄

          ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထာရ်(၁/၂)ရပ်ကွက်ရှိ  ဒေသခံတိုင်းရင်းသား ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံ ချက်ဖြင့် ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယား များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့တွင် ဟားခါးမြို့၊ မြစ်သစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ မတ် - ၂၄

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတန်းဒေသများရှိ ဒေသခံ ပြည်သူများ မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ကူညီပြောင်းရွှေ့၊ လေဘေးသင့် ပြည်သူများနှင့် မုန်တိုင်းရှောင်ပြည်သူများအား သွားရောက်အားပေးစကားပြောကြား ပြီး စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မတ် - ၂၃

                 ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းငယ်သည် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မတ် ၂၀ ရက် ည ၉ နာရီခွဲ အချိန် တိုင်းတာချက်များအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပြီး မုန်တိုင်းလမ်းကြောင်းကျရောက်ရာ ဒေသများရှိ ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်အထူးသတိပြုနေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန် သတိပေးချက်များကို ထုတ်ပြန်ထားရှိပြီးဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်    ၂၅     / ၂၀၂၂

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော်   ၇    ရက်

(၂၀၂၂ ခုနှစ်၊ မတ်လ   ၂၃  ရက်)