တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အတက်နေ့ကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲ နေပြည်တော်၊ ဧပြီ - ၁၆

Sunday, April 16, 2023 - 16:15

          မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

          မဟာသင်္ကြန်အတက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကစား မဏ္ဍပ် အသီးသီးတို့၌          ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေ သဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲကြရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေ များ ပေးအပ်ကြသည်။

၎င်းအပြင် နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ် များ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မန္တလေး မြို့ရှိ ရေကစားမဏ္ဍပ်များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အတာရေသဘင်ပွဲဆင်နွှဲကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်၍ အတာသင်္ကြန်ယိမ်းအက အဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။

ထို့ပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ရေပန်းဥယျာဉ်၊ လှေခွင်းတောင် အပန်းဖြေစခန်း၊ ရန်ကုန်လမ်းလျှောက်သင်္ကြန်၊ မန္တလေးလမ်းလျှောက်သင်္ကြန်နှင့် ဦးပိန်တံတား၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေ၊ စစ်တွေပွိုင့် အပန်းဖြေစခန်းနှင့် ပွိုင့်ကမ်းခြေ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အင်းလေးရေပေါ် သင်္ကြန်၊ ဟဲဟိုးမြို့ရှိ အင်းခေါင်းဆည်၊ မိုင်းရှူးမြို့ရှိ ဟိုက်ပါရေတံခွန်၊ ကျိုင်းတောင်း ရေတံခွန်၊ ကွန်ဟိန်းရေပေါ်သင်္ကြန်နှင့် ခိုလမ်ရေပြာစမ်း အပါအဝင် အပန်းဖြေ နေရာများ၌ လာရောက်အပန်းဖြေ အနားယူနေသော ပြည်သူများဖြင့် စည်ကားလျက် ရှိပြီး စားသောက်ဆိုင်များ၊ ဒေသထွက်ကုန်ရောင်းချနေသော ဈေးဆိုင်များ ဖွင့်လှစ် ထားရှိကာ စည်ကား သိုက်မြိုက်လျက်ရှိသည်။

          ၎င်းအပြင် ရေသဘင်ဆင်နွှဲကြသူများအား စတုဒီသာအကျွေးအမွေး၊ နိဗ္ဗာန်ဈေး ပွဲတော်များဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေ သဘင်ပွဲတော်ကို ဆင်နွှဲကြသည်။

ထို့အပြင် အများပြည်သူရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၊ နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။