news

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ မတ် - ၁၉

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ မတ် - ၁၉

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၂ ဦး၊ အမျိုးသမီး ၇၈ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့ကို လက်ခံခဲ့ကြသည်။

ကိုဗစ်- ၁၉ ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အသုံးများသည့် ဆေးဝါးများ၏ ပေါက်ဈေးများ

(၁၉-၃-၂၀၂၂)ညနေ ၆ နာရီအချိန်ထိဈေးနှုန်း

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ မတ် - ၁၈

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက မြောက်ခင်ရန်း ကျေးရွာအား ဝင်ရောက်စီးနင်းတိုက်ခိုက်၊ လူနေအိမ်များအားမီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ မတ် ၁၈

            မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့ နံနက်ပိုင်းတွင် မြောက်ခင်ရန်းကျေးရွာအား ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း၌ စစ် သင်တန်းတက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊ မတ် - ၁၈

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များနေ ကောင်းကောင်း(ခ) ကောင်းမြတ်(ခ) စောကောင်းမြတ်(ခ) ဖြိုးမောင်မောင်(ဘ)ဦးရဲမြင့်၊ ဖြိုးကျော်ဇင် (ခ)ကိုဖြိုး(ဘ)ဦးအောင်ကျော်စိုး၊ ရဲလင်းစိုး(ခ)ကိုလင်း(ဘ)ဦးလှအုန်း၊ ရဲနိုင်(ခ) ကိုရဲ(ဘ) ဦးသန်းဇော်ဦး၊ လင်းလင်းထက်(ခ)ထက်ကြီး(ဘ)ဦးကျော်ဆွေ၊ ပြည့်ဖြိုးသူ (ခ) လူကာ(ဘ)ဦးပြည့်စုံဝင်း၊ ဇော်မင်းထွန်း(ခ)ကိုဇော်(ဘ)ဦးချစ်စိန်နှင့် ဇော်ကိုကို (ဘ)ဦးတင်ဝင်းတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သောင်ကြီးနယ်မြေ ရဲစခန်းအား ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများ ပြည်သူများသွားလာ လျက်ရှိသည့်နေရာများ၊ လုံခြုံရေးစခန်းများ၊ နိုင်ငံပိုင် အဆောက်အဦများအား ဗုံးထောင်ဖောက်ခွဲခြင်းနှင့် လက်လုပ်မိုင်း များပြုလုပ်ခြင်း တို့ကြောင့် လည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ နိုင်အောင်(ခ)snake (ဘ)ဦးဘိုဟန်၊ မင်းမြတ်အောင် (ခ)ဖြူဖွေး(ဘ)ဦးဆံထွန်းဝင်း နှင့် ညိမ်းမြတ်သူ(ခ) ကိုညိမ်း(ဘ) ဦးမြင့်သူတို့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်၊ အေ(၁၆)လမ်း ထိပ်နှင့် (၁၄)လမ်းရှိ အုပ်ချုပ်ရေးမှူးရုံးတို့အား လက်လုပ်ချိန်ကိုက် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ အမှတ်(၂၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်၊ ခဲယမ်းများသိုဝှက်သိမ်းဆည်းခြင်း၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့နယ်မြေ အတွင်း၌ သင်တန်းတက်ရောက်ခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများတွင် အားပေး ကူညီခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀ (က)နှင့် ၅၀(ဈ)တို့အရ ၂၀၂၂ ခုနှစ်၊ မတ် ၁၇ ရက်တွင် ၎င်းတို့ အား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလောတပ်နယ်မှ အရာရှိ/စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ် ၁၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ရှိ တပ်နယ်ခန်းမ၌ ကလောတပ်နယ်မှ အရာရှိ/စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။

(၁၉) ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေးဉီးစီးချုပ်များအစည်းအဝေး (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၉)ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး များသို့ တက်ရောက်ခဲ့ကြသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ မှ ပြန်လည်ရောက်ရှိ

နေပြည်တော် မတ် -၁၈

          ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး၊ (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများသို့ တက်ရောက် ခဲ့ကြသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်လေဆိပ်မှ  နေပြည်တော်လေဆိပ်သို့ တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။

PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ၊ စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊မတ် - ၁၈

          မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ ဉပဒေမဲ့ခြိမ်းခြောက် လူ သတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိမိ တို့၏ အသက်အန္တရာယ် လုံခြုံစိတ်ချရသည့် နေရာများတွင်  ခေတ္တနေထိုင်နေကြ သူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်တည်ထောင်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။