news

 

၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး  မိခင်ဆင်မကြီး နှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်‌တော် သြဂုတ် ၁၆

 

          ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

          အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီသော ဆင်ဖြူတော် ကလေး ဖြစ်သည်။   

          အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၂၅ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၆ လက်မ ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၂ လက်မခွဲ၊ ကိုယ်အလေးချိန် ၂၀၀ ပေါင်ခန့်ရှိလာပြီး မိခင် ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်  ဩဂုတ် - ၁၆

မဲစာရင်းမှားယွင်းမှုအပေါ် နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ အကြမ်းဖက် နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့သော အခြေအနေများကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးအရဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ် ရန်ခက်ခဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနှင့်သာ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ် ဆောင်လာပါက အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့ဘက်မှ ရည်ရွယ်ချက်ရှိရှိ စတင်တိုက်ခိုက်ခြင်းမျိုး မရှိဘဲ ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညား အောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက်   နိုင်ငံရေးရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင်များချီးမြှင့်

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)အရ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ် များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များအား နိုင်ငံတော် နှင့်နိုင်ငံသားများ၏ အကျိုးကိုသယ်ပိုးထမ်းဆောင်ကြရသည့် လုပ်ငန်းတာဝန်နှင့်လျော်ညီသော ချီးမြှင့် ငွေနှင့်စရိတ်များကို ဥပဒေနှင့်အညီ ချီးမြှင့်ပေးလျက်ရှိသည်။ အဆိုပါပုဂ္ဂိုလ်များသည်  သက်တမ်းကာလ အပြည့်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပါက ဥပဒေအရရရှိသည့် လစဉ်ချီးမြှင့်ငွေကိုအခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ကသတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစား ခွင့်ရှိသည်။ ထို့ကြောင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ ရေးရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ပြုနိုင်ရန် တင်ပြလျှောက်ထားလာမှုများအား သက်ဆိုင်ရာဌာနများ နှင့် လွှတ်တော်ရုံးများက လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလာမှုအပေါ် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံရေးရာထူးရရှိခဲ့သူပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်(၉)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ပုဂ္ဂိုလ်(၅၀)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၅၂)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်(၈၈)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၉၂)ဦး၊ စုစုပေါင်း(၄၉၁) ဦးအား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်များကို ခံစားခွင့်ပြုခဲ့ပြီးဖြစ်သည်။ ထိုသို့ချီးမြှင့်ခဲ့သည့် နိုင်ငံရေး ရာထူးရရှိခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်(၄၉၁)ဦးမှာ အောက်ပါအတိုင်းဖြစ်သည်-

ရှရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd CISM World Cadet Games)တွင် မြန်မာ့ တပ်မတော် ဝင်ရောက်ယှဉ်ပြိုင်၊ နိုင်ငံပေါင်း ၂၀ ယှဉ်ပြိုင်ရာတွင် အဆင့် ၈ နေရာရရှိ

နေပြည်တော်၊ ဩဂုတ် - ၁၅

ရှရှားဖက်ဒရေးရှင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစား ပြိုင်ပွဲ(3rd CISM World Cadet Games)တွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လောင်းများသည် ပြိုင်ပွဲတွင်အားကစားအမျိုးအစား ၇ မျိုးရှိသည့် အနက် ၃ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ရိုင်ဖယ်သေနတ်ပစ်တစ်ဦးချင်း အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင်ပထမရွှေတံဆိပ်ဆု၊ ရိုင်ဖယ် သေနတ်ပစ်အသင်းလိုက် အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု၊ ပစ္စတိုသေနတ်ပစ် တိကျပစ်ခတ်ခြင်း အသင်းလိုက် ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုနှင့် ပစ္စတိုသေနတ် ပစ်အသင်းလိုက် အမြန်ပစ်ခတ် ခြင်းပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု အသီးသီးရရှိခဲ့ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ ရှိသည့်အနက်တွင် နိုင်ငံအလိုက် အဆင့် ၈ နေရာ ရရှိခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသောပြည်သူများ၏ သတင်းပေးပူးပေါင်းဆောင်ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် နေ့လယ်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ မြန်အောင်မြို့နယ် အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ် ရာတွင် ပါဝင်ပတ်သက်သည့် တရားခံများဖြစ်သော ဝေပိုင်ဖြိုး(၃၃)နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ စံပယ်အောင်အောင်(၃၄)နှစ်တို့ ၂ ဦးအား မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ကညင်ငူကျေးရွာရှိ ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့အပေါ် အမိန့်ချမှတ်

ကော့ကရိတ်မြို့နယ်အတွင်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များက  အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်

ဗုဒ္ဓဝင်စာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ဩဂုတ်  - ၁၄

          ရန်ကုန်တိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းက ကျင်းပသော (၇၂) ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင်ပွဲ၊ (၃၈)ဖြာမင်္ဂလာ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနည်းပြများအား ဂုဏ်ပြုပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား  ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဉက္ကဋ္ဌ (ကိုယ်စား) ဒုတိယဉက္ကဋ္ဌ ဦးသောင်းဝင်း တို့က  အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းဉက္ကဋ္ဌ ဦးမျိုးမြင့်ထွန်း က ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓဝင်စာမေးပွဲအောင်မြင်သူများ၊ (၃၈)ဖြာမင်္ဂလာ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းနည်းပြများ၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို)နှင့် တိုင်းဒေသကြီးမှ အသင်းဝင်များ၏ သားသမီးများအနက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၊ သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိ

နေပြည်တော်၊ ဩဂုတ်- ၁၄

            စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး မန္တလေး- မုံရွာ ကားလမ်းပေါ်၌ ဩဂုတ် ၁၂ ရက်ညနေ ၅ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်တစ်စီးကို ဒေသန္တရလက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ် တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက ဂွေးပင်တောကျေးရွာအနီး၌ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲ တိုက်ခိုက် ခြင်းကြောင့် ယာဉ်၏ ဘေးဘယ်၊ ညာ မှန်များ ကွဲကြေပျက်စီးခဲ့ပြီး ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသည့် သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် အဆိုပါနေရာသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာပြီး မိုင်းဖောက်ခွဲ တိုက်ခိုက်ခြင်းခံရသည့် မော်တော်ယာဉ်နှင့် မော်တော်ယာဉ် လိုင်းဝန်ထမ်း ၄ ဦး၊ ခရီးသည် ၁၁ ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ သည်။

            ဖြစ်စဉ်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရေးနှင့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီး၍ ဥပဒေအရအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေ ပိတ်ဆို့စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။