ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ
နေပြည်တော် မတ် - ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကျင်းပပြုလုပ်သည်။