နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီး ဦးဆောင်ကြီး ကြပ်မှုဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်းမြို့နယ်)၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိ အထူးကုဆရာဝန် ပါရဂူကြီးများက ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်) ရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ ဆက်လက်၍ အခမဲ့စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့မျက်စိအခမဲ့စမ်းသပ်ကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပထမ အကြိမ် ဒုတိယနေ့အဖြစ် ကုသပေးခြင်းဖြစ်ပြီး မျက်စိကုကျွမ်းကျင်ဆရာဝန် ပါရဂူကြီး များက မျက်စိဝေဒနာရှင် ၄၁၂ ဦးကို အခမဲ့ကုသပေးခဲ့ပြီး ၎င်းတို့အနက် ခွဲစိတ်ကုသ ပေးရန်လိုအပ်သူမျက်စိဝေဒနာရှင် ၅၈ ဦးရှိကြောင်းသိရှိရသည်။ ထိုကဲ့သို့ လာရောက် ဆေးကုသမှုခံယူသူများအား အဟာရဒါနကျွေးမွေးခဲ့ကြောင်းနှင့် မျက်စိဝေဒနာရှင်များအား ဧပြီ ၁၀ ရက်အထိ အခမဲ့စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့အနေဖြင့် တိုင်းဒေသကြီးများနှင့်ပြည်နယ်များ၌ သီတဂူစက္ခုဒါနဆေးရုံ ၄၄ ရုံဖွင် လှစ်ပြီး မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ရာ ၁၉၉၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ မျက်စိစမ်းသပ်ကုသခံယူသူ ၅၄၈၅၀၄ ဦးနှင့် မျက်စိခွဲစိတ်ကုသမှုခံယူသူ ၁၀၅၂၃၄ ဦးရှိကြောင်း သတင်းရရှိသည်။