news

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း

သူရဦးအောင်ကို အပေါ် စီရင်ချက် အမိန့်ချမှတ်

နေပြည်တော် မတ်လ(၁၄)ရက်

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို၏ လုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးနှင့်ပစ္စည်းများ တောင်းခံရယူမှုများအပေါ် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို သည် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ် ၈ မျိုးအား နှစ်စဉ် ချီးမြှင့် ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံမှ ငွေသားကျပ် သိန်း ၁၀၀ နှင့် ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင်အား လက်ခံရယူခဲ့ခြင်း၊ လုပ်ငန်းရှင် တစ်ဦးမှ လုပ်ငန်းများရေရှည်အဆင်ပြေစေရန်အတွက် ပေးအပ်သည့် ‌ငွေကျပ် ၁၀၀၅ သိန်း တန်ဖိုးရှိ Ford Everest Titanium မော်တော်ယာဉ် တစ်စီးကို လက်ခံရယူခဲ့ခြင်း၊ အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန်တစ်ချပ်အား ကျသင့်တန်ဖိုးပေးချေခြင်းမရှိဘဲ လက်ခံ ရယူခဲ့ခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင်  ၁၉-၃-၂၀၂၁ ရက်နေ့၌ တရားစွဲဆို တင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သတင်းဖော်ပြပြီး ဖြစ်ပါသည်။

(၁၉) ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေးဉီးစီးချုပ်များအစည်းအဝေး (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၉)ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး များသို့ တက်ရောက်ရန် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

နေပြည်တော် မတ် - ၁၄

          ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး(ACDFM-19)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား တက်ရောက်ရန် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်အေး ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူး လေယာဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ထွက်ခွာကြသည်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများမှ ဒေသခံ ကျေးရွာ များရှိ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့်  လူနေအိမ် များအား မီးရှို့ဖျက်ဆီးခြင်း

၂၀၂၂ မတ် ၁၄

၂၀၂၂ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊  ရေစကြိုမြို့နယ်၊ စည်သာကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာနေ၊ စည်သာကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးဝေလွင်၏ နေအိမ်သို့  PDF အကြမ်းဖက်သမား ၂၀ ဦးခန့်မှ ရောက်ရှိလာပြီး သေနတ် များပစ်ဖောက်၍ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ လူတစ်ဦးယောက်မှ မတွေ့ရှိရသဖြင့် နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးမှ သတင်း ပေးပို့ခဲ့သည်။ လုံခြုံရေးပူးပေါင်းအဖွဲ့များက သတင်းအရ မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် သွားရောက်၍ ဝိုင်းဝန်မီးငြိမ်း သတ်ပေးခဲ့ရာ  PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ လူနေအိမ် ၁၇ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော် မတ် ၁၄

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး  ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်    ၂၁   / ၂၀၂၂

၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း   ၁၃    ရက်

(၂၀၂၂ ခုနှစ်၊ မတ်လ   ၁၄  ရက်)

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးသာဌေး အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်    ၂၂   / ၂၀၂၂

၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း   ၁၃    ရက်

(၂၀၂၂ ခုနှစ်၊ မတ်လ   ၁၄  ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-

KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက  မြဝတီ-ကော့ကရိတ်အာရှ လမ်းသစ်ပေါ်၌ သွားလာလျက်ရှိသည့် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင် ယာဉ်များအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိ

နေပြည်တော်၊ မတ် - ၁၄

            KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့အနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မြဝတီ-ကော့ကရိတ် အာရှ လမ်းသစ်ပေါ်၌ သွားလာလျက်ရှိသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်မော်တော်ယာဉ် များအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မော်တော်ယာဉ် များအား မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပျက်စီးစေရန်နှင့် ခရီးသွားပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်တို့ကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။

 

နေပြည်တော်၊ မတ် ၁၃

            အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများအား ပြုလုပ် လျက်ရှိသည်ကို တွေ့ရှိလာရသည်။

 

နေပြည်တော်၊ မတ် - ၁၂

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။