news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်

နေပြည်တော်၊ ဧပြီ ၂၆

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါ သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊  ၄၀ /၂၀၂၂

၁၃၈၄ ခုနှစ်၊   တန်ခူးလပြည့်ကျော်    ၁၁  ရက်

(၂၀၂၂ ခုနှစ်၊ ဧပြီလ  ၂၆   ရက်)

မန္တလေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီလ ၂၅ ရက်

                 နိုင်ငံတော်အစိုးရအနေဖြင့် CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက် ညပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းအေးရပ်ကွက်နေ စည်သူ(ခ) ဆိတ်ကြီး(၄၀)နှစ်၊ ပြည်ကြီးတံခွန်မြိုနယ်၊ သင်ပန်းကုန်းရပ်ကွက်နေ အောင်ကျော်မိုး (ခ)မိုးမိုး(၃၈)နှစ်နှင့် အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်အမှတ် (၅၂)နေ အောင်ထွန်းလင်း(ခ)ပါပူး(၄၄)နှစ်တို့ ဦးအား ၉ မမ ပစ္စတို လက်၊ ကျည်အိမ် ခု၊ ကျည် ၄၁ တောင့်၊ လက်ပစ်ဗုံး လုံး၊ လက်လုပ်မိုင်း လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကို ထောက်ခံခြင်း

 

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၃၉ /၂၀၂၂)

၁၃၈၄ ခုနှစ်၊   တန်ခူးလပြည့်ကျော်    ၁၀  ရက်

(၂၀၂၂ ခုနှစ်၊ ဧပြီလ  ၂၅   ရက်)

 

 ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့် ပထမတန်းမှ နဝမတန်းအထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

နေပြည်တော်၊  ဧပြီ ၂၄

         ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မတ်လအတွင်းက ကျင်းပခဲ့သည့် အခြေခံ ပညာအဆင့် Grade 1(ပထမတန်း)မှ Grade-10(နဝမတန်း)အထိ စာမေးပွဲအောင် စာရင်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ အခြေခံပညာကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရှိရသည်။

         အဆိုပါ အခြေခံပညာအဆင့် စာမေးပွဲများအနက် Grade-9 စာမေးပွဲကို မတ် ၁၇ ရက်မှ ၂၃ ရက် အထိ စစ်ဆေးခဲ့ပြီး ယနေ့တွင် အခြေခံ ပညာအဆင့် Grade 1 (ပထမတန်း)မှ Grade-10(နဝမတန်း)အထိ စာမေးပွဲအောင်စာရင်းများကို ထုတ် ပြန်ကြေညာပေးခဲ့ခြင်းဖြစ်ရာ အခြေခံပညာကျောင်းအသီးသီး၌လည်း စာမေးပွဲ အောင်စာရင်းစာရွက်များကို ကြော်ငြာဘုတ်များဖြင့် ကပ်ပေးထားကြောင်း သိရှိရ သည်။

           လာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား မူလတန်းအဆင့် Grade-5 ကို သင်ရိုးသစ် အဖြစ် လည်းကောင်း၊  အလယ်တန်းအဆင့် Grade-8 ကို သင်ရိုးသစ်အဖြစ်လည်း ကောင်း၊ အထက်တန်းအဆင့်တွင် Grade-11 ကို သင်ရိုးသစ် အဖြစ်လည်းကောင်း ပြောင်းလဲသင်ကြားပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် မူလတန်းအဆင့် Grade-5 ကို သင်ရိုးသစ်အဖြစ်ပြောင်းလဲသင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဗဟို အဆင့် နည်းပြသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

         

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဧပြီ ၂၄

              အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

              ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

              ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာနေသူများဖြစ်သည့် မြမြဦး(၃၉)နှစ်၊ မျိုးကြည်(ခ) မီးမီး (၅၇)နှစ်၊ ချိုမာ (၄၀)နှစ်၊ ပိုပိုချော (၄၆)နှစ်နှင့် သဇင်အောင် (၃၃)နှစ်တို့ ၅ ဦးသည် ၎င်းတို့အသုံးပြုသည့် “Mya Mya Oo”၊ “Mee Mee”၊ “Cho Mar”၊ “Po Po Chaw” နှင့် “Tha Zin Aung” Facebook အကောင့်များ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျောင်းဆိုးကျေးရွာနေ သန်းတိုးအောင် (၁၉)နှစ်သည် ၎င်းအသုံးပြုသည့် “Than Toe Aung” Facebook အကောင့်၊ ရေတာရှည်မြို့နယ်၊ နတ်စင်ကုန်းကျေးရွာနေ တင်တင်ဝေ (၂၅)နှစ်သည် ၎င်းအသုံးပြုသည့် “Tin Tin Wai” Facebook အကောင့်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အောင်စည်ဖြိုး (၃၄)နှစ်သည် ၎င်းအသုံးပြုသည့် “Austin Phyo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

တပ်မတော်ဆေးတက္ကသိုလ်၏ (၁၁) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၂၄

တပ်မတော်ဆေးတက္ကသိုလ်၏ (၁၁) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော် ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်မင်းဦး၊ တပ်မတော် ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိကြီးများ၊ အရာရှိများနှင့်၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

အစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ် နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ် နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က ပါရဂူဘွဲ့ ၄၇ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၃၇ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၄ ဦး၊ စုစုပေါင်း ၁၀၈ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ပါမောက္ခချုပ်က အွန်လိုင်းစနစ် ဖြင့် ဘွဲ့ယူမည့် ပါရဂူဘွဲ့ တစ်ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၅၆ ဦး၊ ဆေးပညာ သင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၄ ဦး၊ စုစုပေါင်း ၆၁ ဦးတို့အား ဘွဲ့ချီးမြှင့် အပ်နှင်းကာ ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမ မှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာ သိပ္ပံဘွဲ့ ၂၄၉၀ ဦး၊ ဆေးလက်တွေ့နှင့် ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၂၀၇ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၆၈ ဦး၊ ဆေးပညာဘွဲ့လွန် ဒီပလိုမာ ၂၆၉ ဦးတို့အား ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။ လက်ရှိဆေးပညာမဟာ သိပ္ပံဘွဲ့လွန် အမှတ်စဉ်(၂၇)တွင် သင်တန်းသားအရာရှိ ၅၈ ဦး၊ အမှတ်စဉ်(၂၈)တွင် သင်တန်းသားအရာရှိ ၂၀၁ ဦး၊  အမှတ်စဉ်(၂၉)တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး၊ စုစုပေါင်းဘွဲ့လွန်သင်တန်းသားအရာရှိ ၅၆၃ ဦး သင်တန်းတက်ရောက်နေဆဲဖြစ် ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဧပြီ ၂၃

              အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

ရန်ကုန် ဧပြီ ၂၃

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်လူနာများကို  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ဌင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်ရောဂါကာကွယ် ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။