news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဇာဒက်ကြီးကျွန်း နှင့် ကော့သောင်း တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား                                                       

နေပြည်တော်၊ မေ - ၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်းစိုး၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့တွင် ဇာဒက်ကြီးကျွန်းနှင့် ကော့သောင်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ၍  အမှာစကား ပြောကြားသည်။  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကော့သောင်းမြို့ရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား၊ ဇာဒက်ကြီးကျွန်းရှိ ဆလုံလူမျိုးများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်

နေပြည်တော် မေ-၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ မဉ္ဇူသကခန်းမ၌ ကော့သောင်းမြို့ရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

နေပြည်တော်၊ မေ ၁  

              အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

နေပြည်တော်၊ မေ - ၁

          ရှမ်းပြည်နယ်အစိုးရရံပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် အဆိုပါရေအားလျှပ်စစ်စက်ရုံ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

နေပြည်တော်၊ မေ - ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်အတွင်း ဧပြီ ၂၉ ရက်တွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဝမ်းစလောင်းကျေးရွာရှိ နေအိမ် ၉ လုံး နှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ သွပ်မိုးအကာများပျက်စီးမှုများ ဖြစ်ပေါ်ခဲ့၍ ဒေသခံပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဧပြီ ၃၀ ရက် နေလယ်ပိုင်းတွင် ဝမ်းစလောင်းကျေးရွာဘုန်းတော်ကြီး၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

နေပြည်တော်၊ မေ - ၁

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

နေပြည်တော်၊ ဧပြီ - ၃၀

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇) ရပ်ကွက် နေ စိုးနိုင်(ဘ)ဦးစောသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဖော်ဝါရီလ ၁၂ ရက်အတွင်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းပြုလုပ်သည့် ဆူပူဆန္ဒပြမှု များတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်လုပ်မိုင်းများစမ်းသပ်ထုတ်လုပ်ပေးခြင်း၊ လက်နက်၊ ခဲယမ်းများသယ်ယူ ပို့ ဆောင်ပေးခြင်းကြောင့်လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၈)ရပ်ကွက်နေ ကျော်ဝင်းထွဋ်(ခ)ကျော်ကြီး(ဘ)ဦးတက်နေဝင်း၊ အမှတ်(၁၆) ရပ်ကွက်နေ ဖြိုးကိုကို(ခ)ဖြိုးကို(ဘ)ဦးထွန်းမင်းနှင့် သက်ပိုင်ဦး(ခ)ပိုင်လေးတို့ ၃ ဦး သည် လှိုင်သာယာမြို့နယ်အတွင်းပြုလုပ်သည့် ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင် ပါဝင်ခြင်း၊ လက်နက်များသိုဝှက်သိမ်းဆည်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ နယ်မြေအတွင်း၌ အကြမ်းဖက်သင်တန်းများတက်ရောက်ခဲ့ခြင်း တို့ကြောင့် လည်း ကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်နေ ခိုင်ဝင်းစိုး(ခ)ထိန်လင်း(ခ) ကိုထက်(ဘ)ဦးမြင့်မောင်၊ ဘုန်းမြင့်ဝင်း(ခ)ဒင်္ဂါး(ခ)ကျော်ကြီး(ဘ)ဦးမောင်မောင်ထွေး၊ မျိုးဦး(ဘ)ဦးမျိုးညွန့်အောင်နှင့် မှော်ဘီမြို့နယ်၊ အုတ်စက်အလုပ်သမားဝန်းနေ ခိုင်ထွန်းဦး(ခ)စောမိုးဇက်(ခ)ချက်ကြီး(ဘ)ဦးစိန်ထွန်းရီတို့ ၄ ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရွှေပြည်သာမြို့နယ်အတွင်းပြုလုပ်သည့် ဆူပူဆန္ဒပြမှုများ တွင်ပါဝင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက် ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများ အဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းပေးခြင်းနှင့် ပို့ဆောင်ပေးခြင်းများကြောင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မိန်းမပြေးကျေးရွာနေ ကျော်ဇော(ခ)ဂြိုလ်သား(ဘ)ဦးထွန်းအောင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ မတ် ၈ ရက်အတွင်း မြောက်ဥက္ကလာပမြို့နယ်အတွင်းပြုလုပ်သည့် ဆူပူ ဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊  ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ကိုင် ရာတွင်အားပေးကူညီခြင်း တို့ကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)နှင့် ၅၀(ဈ)တို့အရ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အသီးသီးအမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

နေပြည်တော်၊ ဧပြီ ၃၀

              အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

နေပြည်တော်၊ ဧပြီ - ၃၀

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ ဘန့်ဘွေးကုန်းလမ်းရှိ ဒေါ်ရင်ရင်(ခ) အားရင်စိန်(ဘ)ဦးရှောက်နယ်ပိုင်ဆိုင်သည့် ရွှေဒေါင်းအထည်နှင့် စတိုးဆိုင်၌ ယနေ့နံနက် ၁ နာရီ ၂၅ မိနစ်ခန့်တွင် ခြင်ဆေးထွန်းရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုစတင် ဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူ များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၈  စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့သဖြင့် နံနက် ၂ နာရီ ၈ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။