ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက် ပျက်စီးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယနေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အမှာ စကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက မုန်တိုင်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်း ပျက်စီး ဆုံးရှုံးခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။