news

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့သည့် ကျွန်းစုမြို့နယ်၊ ဝဲကျွန်း ကျေးရွာသို့ တပ်မတော်(ရေ)မှ တပ်မတော်သားများက သွားရောက်ကူညီ

နေပြည်တော်၊ မတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာ၌ မတ် ၂၁ ရက် ညနေ ၄ နာရီခန့်တွင် လေပြင်းများတိုက်ခတ်ပြီး လှိုင်း ရိုက်ခတ်မှုများကြောင့် ကမ်းခြေရှိနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့ တွင် တပ်မတော်(ရေ)မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးသည်။

တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲ ပြုလုပ်

တာချီလိတ်   မတ်    ၂၂

            တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန် ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပြုလုပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် ရာအိမ်မှူးများ တက်ရောက်ကြသည်။

 

သတင်းထုတ်ပြန်ချက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမှ ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်တွင် ပြောကြားချက်ကို မြန်မာနိုင်ငံမှ ပြတ်သားစွာပယ်ချ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီ ဘလင်ကင် က မြန်မာ့တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအသိုက်အဝန်းအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်မှုကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်တွင်  အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တွေ့ရှိရသည်။

တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲ ပြုလုပ်

တာချီလိတ်   မတ်    ၂၂

            တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန် ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပြုလုပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် ရာအိမ်မှူးများ တက်ရောက်ကြသည်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကိုကိုလှိုင်မှ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Stephan Sakalian အား လက်ခံတွေ့ဆုံ

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Stephan Sakalian အား ၂၂-၃-၂၀၂၂ ရက်၊ ၁၂၀၀ နာရီတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ကျောက်လက်ရိုက်တောစခန်း၌ တစ်ပါးတည်းသီတင်းသုံးနေသည့် သံဃာတစ်ပါးအား PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်

နေပြည်တော်၊ မတ် ၂၂

             နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊  စစ်တောင်းကျေးရွာနှင့် ခဝါချောင်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံဘောင်ဘေလီတံတားတစ်စီးအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ မတ် ၂၂

               မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊  စစ်တောင်းကျေးရွာနှင့် ခဝါချောင်းကျေးရွာချင်းဆက် လမ်းပေါ်ရှိ သံဘောင်ဘေလီတံတားတစ်စီးအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ မတ် - ၂၂

         ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲ ကျင်းပ

နေပြည်တော်  မတ်   ၂၂

         ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အနုပညာရှင်များက ဂီတ ဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ကျင်းပပြုလုပ်သည်။

ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား နေပြည်တော်လေဆိပ်တွင် ကြိုဆို

နေပြည်တော် မတ် ၂၁

          နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် H.E.Mr.Prak Sokhonn  နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E.Dato Lim Jock Hoi အား ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်းသိရသည်။