news

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအပေါ် အမိန့်ချမှတ်

နေပြည်တော် ဧပြီလ(    ၂၈     )ရက်

          ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း အပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ စစ်ဆေးတွေ့ရှိချက် များအရ ဦးနိုင်ငံလင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် ပညာရေးဆိုင်ရာအဆောက်အဦများ ဆောက်လုပ်ရေးတင်ဒါကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သင်္ဃန်းကျွန်း ပညာရေးကောလိပ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့တွင် အဆောက်အဦဆောက် လုပ်ခွင့်ရရှိသည့် ကုမ္ပဏီပိုင်ရှင် တစ်ဦး ထံမှ ငွေကျပ်သိန်း ၁၈၀ နှင့် တံစိုးလက်ဆောင်များအပါအဝင် အခြားကုမ္ပဏီပိုင်ရှင်သုံးဦးနှင့် ကုမ္ပဏီတစ်ခုတို့ထံမှ ငွေကြေးတံစိုးလက်ဆောင်များကို လက်ခံရယူခဲ့ခြင်းတို့ကြောင့် ဝန်ကြီးဟောင်း ဦးနိုင်ငံလင်း အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၁၂-၇-၂၀၂၁ ရက်နေ့၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂၆/၂၀၂၁ မှ ၃၀/၂၀၂၁ အထိ အမှု  ၅ မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။

          ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှု ၅ မှုအတွက် ပြစ်မှုထင်ရှားစီရင်ပြီး တစ်မှုလျှင် ၃ နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချမှတ်

နေပြည်တော် ဧပြီလ(    ၂၇     )ရက်

          နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏  ဆောင်ရွက်မှု များတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ ရန်ကုန်တိုင်းဒေသကြီး အတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ် စောင့်ရှောက် ပေးရန် ရည်ရွယ်ပေးအပ်သော အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀(ခြောက်သိန်း)နှင့် အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာ တို့ကို ၎င်း၏နေအိမ်တွင် သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့ခြင်းကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ၈-၇-၂၀၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂/၂၀၂၁ ဖြင့် မန္တလေး တိုင်းဒေသကြီး သီးသန့်တရားရုံး(နေပြည်တော်)တွင် ရုံးထိုင်စစ်ဆေးခဲ့ပါသည်။

          မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ပြစ်မှု ထင်ရှားစီရင်ပြီး ထောင်ဒဏ် ငါးနှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ဝတ္တုကံတော် ရှိ သာသနာ့ဗိမာန်   အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော် သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်းအောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ - ၂၇

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်ဝတ္တုကံတော်အတွင်း တည်ဆောက်မည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော် သီမာသမ္မုတိသိမ်သမုတ်ကံဆောင်ခြင်းနှင့် အောင်ပွဲမင်္ဂလာကုသိုလ် တော် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒ ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့ အမှူးပြုသည့် သံဃာတော် ၅၄ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဝင် များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသာဋ္ဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊

ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၇

          အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမှုဝါဒ မိတ်ဆက် ခြင်းနှင့်ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးမောင်းဟာနှင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ညွန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဆက်စပ်ဌာနများ၊ ဖိတ်ကြားထားသူများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်

နေပြည်တော်၊ ဧပြီ ၂၆

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါ သည်။

              အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၇၅) နှစ်တာကာလ အတွင်း လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသားများ အပြည့်အဝ မခံစားရသေး သောကြောင့် ၂ဝ၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေးရရှိစေရန်နှင့် လက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန် ရည်ရွယ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင် (၂) ဦးစီ တက်ရောက်ပေး ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက် သည် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်းနှိုးဆော်ချက် ဖြစ်သဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို) တို့က ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်များကို ယနေ့တွင် အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဧပြီ ၂၇

              အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

              ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့
(၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၇

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

          သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချ ထားပေးသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် မီဒီယာများကို တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်အဖြစ် အလေးထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်ကတည်းက တပ်မတော်နှင့် မီဒီယာများကြား ဆက်သွယ် ဆက်ဆံမှုကို ဆောင်ရွက်စေခဲ့သည်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကို ဖွဲ့စည်းပြီး သတင်း မီဒီယာကောင်စီနှင့် ဆက်သွယ်ဆက်စပ်မှု ပြုလုပ်ခဲ့သည် များ၊ တပ်မတော်နှင့် သတင်းမီဒီယာများအကြား သတင်းစီးဆင်းမှု မှန်ကန် မြန်ဆန်ရေး အတွက် မီဒီယာများကိုပါ ဖိတ်ခေါ်၍ ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေး ပွဲများနှင့် တပ်မတော်က နိုင်ငံ‌တော်တာဝန်ကိုယူပြီးနောက် မီဒီယာများကို ဖိတ်ကြား၍ သတင်းစာရှင်းပွဲများ ပြုလုပ်ခဲ့မှုတို့ကို ပြောကြားပြီး သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်လာကြသည့် မီဒီယာများအပါအဝင် မီဒီယာများ အားလုံးကို ရည်ညွှန်း၍ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင်  မဲမသမာမှုတွေရှိခဲ့သည့် အတွက် ဥပဒေ၊ စည်းကမ်းများနှင့် အညီဖြေရှင်းပေးရန် ကြေညာချက် ၆ ခု ထုတ်ပြန်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာများရှေ့၌ သက်သေအထောက်အထား စုံစုံလင်လင်ဖြင့် သတင်းစာရှင်းလင်းပွဲ များပြုလုပ်ခဲ့ သည့်အပြင် ပြန်လည်ဖွဲ့စည်းခဲ့သည့် UEC အသစ်ကလည်း တွေ့ရှိချက် များကို သံတမန်များနှင့် မီဒီယာများကို ထုတ်ပြန်ပေးခဲ့ကြောင်း၊ ထိုသို့ မဲမသမာမှုကို ဖြေရှင်းပေးရန် တပ်မတော်နှင့် နိုင်ငံ ရေးပါတီအချို့၏ တောင်းဆိုချက်များကို ဘာကြောင့် မဖြေရှင်း၊ သက်သေမပြ ပေးသနည်း ဟူသည့် မေးခွန်း၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့လုပ်ဆောင်နေသည့် ငွေတိုက်စာချုပ်၊ ဘွန်း၊ Ticket ၊ ပရောဂျက် များနှင့် ရောင်းချ အလှူခံနေသည့် သတင်းများကို မီဒီယာအချို့တွင် တွေ့ရှိနေရပြီး အဆိုပါရရှိသည်ဆိုသည့် ငွေများနှင့် ထောက်ပံ့သည်ဆိုသည့် ငွေများကို မည်သည့် နေရာများတွင် အသုံးချနေသနည်း ဟူသည့် မေးခွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လူသတ်မှုပေါင်းများစွာကို ကျူးလွန်နေသည့် ဗိုလ်သံမဏိဆိုသူ အကြမ်းဖက် ဦးဆောင်နေသည့်အဖွဲ့သည် ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုသည့် လူ ၁၀ ဦးအား သတ်ဖြတ်ခဲ့သည်ကို NUG အမည်ခံ အကြမ်းဖက်အဖွဲ့က အရေးယူမည်၊ စုံစမ်းစစ်ဆေးမည် ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ မည်သို့အရေးယူထားသနည်း ဟူသည့် မေးခွန်း၊ PDF  အမည်ခံအကြမ်းဖက်အဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် ပုလဲမြို့နယ်အတွင်းရှိ အင်းမထီး ကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာဖြစ်စဉ်များတွင် ရွာသူ၊ ရွာသားများကိုယ်တိုင် ရင်နင့် ဖွယ်ရင်ဖွင့်ပြောဆိုထားသော်လည်း ၎င်းတို့အတွက် ရပ်တည်၍ မည်သည့် မီဒီယာများက မေးမြန်းဖော်ပြပေးခဲ့ပါသနည်း ဟူသည့် မေးခွန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားတောင်မြို့၊ မြင်းကြွရပ်ကွက်နေ ကိုရင်ငယ် ၃ ပါး မိုင်းထိသည့် ဖြစ်စဉ်အပါအဝင် ဗုဒ္ဓဘာသာ ရဟန်း၊ သံဃာများ၊ အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြောင်းအမျိုးမျိုးပြ စွပ်စွဲသတ်ဖြတ်မှုများ သည် NUG ၏ မူဝါဒဖြစ်ပါသလား ဟူသည့်မေးခွန်း၊ အကြမ်းဖက် NUG ၏ စီစဉ်မှုဖြင့် ကျောင်းများ ဖွင့်သည်ဟုဆိုပြီး သင်ရိုးညွှန်းတမ်းများကို ဖော်ပြရာတွင် နိုင်ငံ တော်အစိုးရက ထုတ်ဝေထားသည့် သင်ရိုးညွှန်းတမ်း စာအုပ်များပင်ဖြစ်ရာ NUG ဆိုသောအဖွဲ့ အနေဖြင့် ၎င်းတို့သင်ကြားသည် မဟုတ်ပါက စာမသင်ရ မူဝါဒရှိ/မရှိ ဟူသည့် မေးခွန်းနှင့် NUG ၏ ဒီမိုကရေစီဆိုသည်မှာ ၎င်းတို့ကို ထောက်ခံမှ ဒီမို ကရေစီအစစ်ဟု ယူဆထားသလား ဟူသည့် မေးခွန်းတို့ကို သတင်းမီဒီယာများ အနေဖြင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့ကို မေးမြန်းဖူးခြင်း ရှိ/မရှိ ပြန်လည် မေးမြန်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားမှုကို မလိုလားသည့် အကြမ်းဖက်သမားများက မူလတန်းလွန်ဗဟိုစာသင်ကျောင်းအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၂၇

            အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရပါသည်။

            ထိုသို့ ပြုလုပ်လျက်ရှိရာတွင် ဧပြီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ပဲခူး တိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရုံးကြီးရပ်ကွက်၌ မူလတန်းလွန်ဗဟိုစာသင်ကျောင်းရှိ KG စာသင်ခန်း အား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အကြာ တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် စာသင်ခန်းအတွင်းရှိ အလျား ၂၄ ပေ၊ အနံ ၂ ပေရှိ သင်ထောက်ကူ ဘီရို ၁ လုံးနှင့် မျက်နှာကျက်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

            ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိ ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင် ၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဆန်း၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ ကုမ္ပဏီ ဥက္ကဌ ဦးချစ်ခိုင်နှင့် မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့အပေါ်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ