အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG နှင့် ဆက်သွယ်၍ Online စနစ်ဖြင့် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်
နေပြည်တော်၊ ဇူလိုင် -၂၇
အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့ သည် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။


































































































































































