ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဘာဝ ဘေးန္တရာယ်ကျရောက်ခဲ့သည့် ပြည်သူများအတွက် အလှူရှင်များက အလှူငွေများ ပေးအပ် နေပြည်တော်၊ မေ - ၁၆

Tuesday, May 16, 2023 - 16:30

          ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ သဘာဝ ဘေးအန္တရာယ်ကျရောက်ခဲ့သည့်ပြည်သူများအတွက် အလှူငွေများပေးအပ်ခြင်း ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဉက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်  ပြည်သူများအတွက် အလှူရှင်များက အလှူငွေများနှင့် ထောက်ပံ့ ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က လက်ခံရယူပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်း  သတင်းရရှိသည်။