ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၂၀ / ၂၀၂၃ ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၂၁ / ၂၀၂၃ )

Tuesday, May 16, 2023 - 16:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၂၀ / ၂၀၂၃ )

၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော်  ၁၃   ရက်

( ၂၀၂၃ ခုနှစ် ၊ မေလ   ၁၆   ရက် )

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ကို

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

              ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ကံသာရပ်၊ တိတ်နန်းတံတားအနီး၊ ရုံးကြီးလမ်းတွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

              အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)၏ မှတ်ပုံတင်အမှတ်မှာ (၁၅) ဖြစ်ပါသည်။

 

                                     

( ပုံ ) သိန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၂၁ / ၂၀၂၃ )

၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော်  ၁၃  ရက်

( ၂၀၂၃ ခုနှစ် ၊ မေလ  ၁၆  ရက် )

ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) ကို

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

              ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက် (၁၂)၊ နယ်မြေ (၁၉)၊ မန်ဆူရှမ်းကျောင်းနောက်၊ ဟူးမွန်လမ်း၊ အမှတ် (ဌ/ ၁၉/ ၇၆၄)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP)ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

              ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP)၏ မှတ်ပုံတင်အမှတ်မှာ ( ၁၆ ) ဖြစ်ပါသည်။

 

                                      

( ပုံ ) သိန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်