ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့်  ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို

Monday, May 15, 2023 - 17:15

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့်  ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ် များဖြင့် စစ်တွေမြို့သို့ ပို့ဆောင်

နေပြည်တော်၊ မေ - ၁၅

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် အတွင်း ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ဌာန ဆိုင်ရာ အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ လဲကျ၍ လမ်းများ ပိတ်ဆို့ခြင်း၊ ကားလမ်းများ ရေကျော်ခြင်း၊ လမ်းမီးတိုင်များ ပျက်စီးခြင်း၊ တာဝါတိုင်များ ပျက်စီးခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ဖြင့် ဒေသခံပြည်သူများ အနေဖြင့် ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ(Cyclone Shelter များ၊ ယာယီခိုလှုံရာစခန်းများ တွင် နေထိုင်လျက်ရှိသည်။

          အဆိုပါ ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ရေ၊ လေ)မိသားစု များက လှူဒါန်းသည့် ဆန် ၅၀၀ အိတ်၊ ဘီစကစ်အထုပ်ကြီး ၄၂၅ အိတ်နှင့် ကူညီ ကယ်ဆယ်ရေးအဖွဲ့များကို နေပြည်တော်လေဆိပ်မှ စစ်တွေမြို့သို့ တပ်မတော် လေယာဉ်ဖြင့် ပထမအကြိမ်ဖြင့်လည်းကောင်း၊ ဆန် ၃၅၀ အိတ်၊ ဘီစကစ် အထုပ်ကြီး ၃၂၅ အိတ်၊ ဆက်သွယ်ရေးပစ္စည်းများ၊ တပ်မတော်ဆေးအဖွဲ့များနှင့် ဆေးပစ္စည်းများကို ဒုတိယအကြိမ်ဖြင့်လည်းကောင်း၊ ရဟတ်ယာဉ်ဖြင့် ဘီစကစ် အထုပ်ကြီး ၁၄၀ အိတ်နှင့် ဆန်အိတ် ၇၀ အိတ်ကိုလည်းကောင်း ယနေ့ နံနက်ပိုင်းတွင် အသီးသီး ကူညီပို့ဆောင်ပေးခဲ့ရာ စစ်တွေလေဆိပ်တွင်  တာဝန်ရှိသူ များက လက်ခံ ရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း  သတင်းရရှိသည်။