ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးထိခိုက်ပျက်စီးကာ ခရီးသည် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာ နေသည့် မော်တော်ယာဉ်များအား မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက် သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ထိခိုက်ပျက်စီးကာ ခရီးသည် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။