ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် သူရိယစန္ဒာဝ

Tuesday, May 30, 2023 - 17:00

          ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရန် ယနေ့တွင် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုး ရေယာဉတစ်စီးသည် ဆန် ၁,၀၀၀ အိတ် စုစုပေါင်းကုန်တန်ချိန် ၅၀ တန်တို့အား မင်းဂံကမ်းထိုးရပ်၌ တင်ဆောင်၍ ဘူးသီးတောင်သို့လည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ်တစ်စီး သည် သစ်ချောင်း ၁,၀၀၃ ချောင်း စုစုပေါင်းကုန်တန်ချိန် ၁၀.၀၇ တန်တို့အား တောင်ကုတ်ကမ်းထိုးရပ်၌ တင်ဆောင်၍ စစ်တွေမြို့သို့လည်းကောင်း အသီးသီး ပို့ဆောင်ရန် ထွက်ခွာခဲ့ကြသည်။   

          ထို့အတူ  ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သူရိယစန္ဒာဝင်းကုမ္ပဏီပိုင် အလျား ၂၄၅ ပေ၊ အနံ ၆၄ ပေ၊ ရေစူး ၁၂ ပေ၊ စုစုပေါင်း ၃၅၀၀ မတ်ထရစ် တန် တင်ဆောင်နိုင်သည့် MV-Charities ရေယာဉ်သည် ရခိုင်ပြည်နယ်လေဘေးသင့် ပြည်သူများအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုဝင်များ၊ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များမှ လှူဒါန်းပေးပို့သည့် ပြန်လည် ထူထောင်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ လူသုံးကုန် ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၂၅၁၁ တန်အား ရန်ကုန်မြို့ ဗိုလ်အောင်ကျော်တံတား၌ တင်ဆောင်၍ စစ်တွေမြို့သို့ ပို့ဆောင် ရန်ထွက်ခွာသွားခဲ့သည်။

          အဆိုပါ စစ်ရေယာဉ်များနှင့် သူရိယစန္ဒာဝင်းကုမ္ပဏီပိုင် MV-Charities  ရေယာဉ်တို့ဖြင့် သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ အား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။