မိမိတို့ဒေသတွင် ပိုင်ဆိုင်ထားသည့် ရေခံမြေခံကောင်းများကို အကျိုးရှိစွာ အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည် နေပြည်တော်၊ မေ - ၃၀

Tuesday, May 30, 2023 - 16:45

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ လိုက်ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပင်းတယမြို့ရှိ ဓနုကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိကြရာ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများက ရိုးရာအိုးစည်များဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ် ဆက်ကြသည်။

MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ထို့နောက် တွေ့ဆုံပွဲပြုလုပ်မည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမသို့ ရောက်ရှိကြပြီး  အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နယ်မြေဒေသဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့တင်ပို့ရောင်းချ လျက်ရှိမှု၊ MSME လုပ်ငန်းများအတွက် အထောက်အကူပြုသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ပေးထားသည့် ရင်းနှီး မတည်ငွေများအား စိုက်ပျိုးမွေးမြူရေး ဆိုင်ရာလုပ်ငန်းများအလိုက် ထုတ်ချေး ပေး ထားမှုနှင့် အာလူးအအေးခန်းတည်ဆောက်ထားရှိမှု၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်၍ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိမှု၊ သတ္တုသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အတွက်လိုအပ်သည့် နည်းပညာအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိမှု၊ ရှမ်းပြည်နယ်အတွက် ထုတ်ပေးထားရှိသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ MSME လုပ်ငန်းများအတွက် အစုအဖွဲ့များအလိုက် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးထားမှု၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကုန်ထုတ်၏လမ်းများ ဖောက်လုပ်ပေးထားမှု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ပေးထားမှု၊ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ပေးထားမှုနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ MSME လုပ်ငန်းရှင် များက ဆွေးနွေးတင်ပြကြရာတွင် ရွှေတက်လမ်းအာလူးအစုအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ချယ်ရီတောင်တန်း လက်ဖက်သမအသင်း အမှုဆောင်အဖွဲ့ဝင် ဦးဘစီ၊ ရွာငံမြို့နယ်၊ သမဝါယမအသင်းစု မန်နေဂျာ ဦးအောင်ကြင်၊ ရွာငံမြို့နယ်၊ ရွှေသစ်သီး ဖျော်ရည် လုပ်ငန်းရှင် ဦးဝင်းမြင့်လေးနှင့် မြို့မိမြို့ဖများ တက်ရောက်လာကြသူများက အာလူး တစ်ဧကချင်း အထွက်နှုန်း တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိစေရေး ဆောင်ရွက်နေမှုနှင့် အာလူးမျိုးများ သိုလှောင်ထားရှိရန်အတွက် အာလူးအအေးခန်း သိုလှောင်ရုံဆောက်လုပ်လိုမှု၊ ပင်းတယမြို့နယ်၏ အဓိကထုတ်ကုန်ဖြစ်သည့် လက်ဖက် ထုတ်လုပ်မှုအား အဆင့်မြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး လိုအပ်သည့် နည်းပညာ၊ စက်ကိရိယာနှင့် ရင်းနှီး မတည်ငွေများ ကူညီဆောင်ရွက် ပေးစေလိုမှု၊ ရွာငံဒေသတွင် အရည်အသွေးပြည့်မီသည့်  ကော်ဖီသီးနှံများကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး ဒေသတွင်းကော်ဖီစိုက်ဧက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက် ကော်ဖီဈေးကွက်ပိုမိုရရှိရေး လိုအပ်သည်များကို ကူညီပေးစေလိုမှု၊ လမ်းပန်း ဆက်သွယ်မှုများ ယခုထက် လွယ်ကူလျင်မြန်ချောမွေ့စေရေး ပင်းတယမြို့ရှောင်လမ်း ဆောင်ရွက်ပေးစေလိုမှု၊ ပင်းတယမြို့နှင့် ရွာငံ မြို့နယ်၌ သဘာဝရေထွက်များ နည်းပါး လာခြင်း၊ လူဦးရေတိုးပွားလာခြင်းတို့ကြောင့် သောက်သုံးရေ လိုအပ်မှုပမဏ များပြား လာသဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ပင်းတယမြို့ ကျက်သရေ ဆောင် ဘုတ်တလုတ်ရေကန်ကြီး မတိမ်ကော၊ မပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြ ဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

          ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှ ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေးထား မှု၊ ဖွံဖြိုးတိုးတက်ရေးချေးငွေနှင့် စီးပွားရေးချေးငွေဟူ၍ နှစ်မျိုးခွဲခြား ဆောင်ရွက် လျက်ရှိပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ချေးငွေများ ရယူနိုင်မှု၊ ချေးငွေများ ရယူပြီး ပါကလည်း မှန်မှန်ကန်ကန်သုံးစွဲရန်နှင့် သတ်မှတ်ကာလများအလိုက် ပြန်လည်ပေး ဆပ်သွားရန်လိုအပ်မှု၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များ စုဖွဲ့၍ လိုအပ်သည့် စက်ကိရိယာများ၊ အရင်းအနှီးများ မတည်ဆောင်ရွက်ပေးလျက်ရှိမှု၊ MSME လုပ်ငန်း ရှင်များ အနေဖြင့် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်း မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မှု၊ ဒေသတွင်း ထွက်ရှိသည့် ကော်ဖီနှင့် လက်ဖက်တို့အား ပြည်ပဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေး ပြည်ပကုန်စည်များ၌ ပါဝင်ပြသနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် အခြားလိုအပ်သည်များကိုဆွေးနွေး ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ တင်ပြသည့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် အလေးထားမှတ်သား၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမြန်ဆုံးဆက်သွယ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေ အနေ များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိစွာ အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လို

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စီးပွား ရေးနှင့်ပတ်သက်၍ အလားအလာကောင်းများ များစွာပိုင်ဆိုင်ထားသည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ရာသီသီးနှံများနှင့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးကြသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသည် “ဥတုရာသီ တောကို မှီ” ဟူသည့်အတိုင်း သဘာဝသစ်တောသယံဇာတများ မပြုန်းတီးမှ ရာသီဥတုကောင်း မွန်နိုင်ပြီး ဥတုရာသီကောင်းမွန်မှသာ စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိက လိုအပ် သည့် စိုက်ပျိုးရေများကို လုံလောက်စွာရရှိမည်ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးမှု မရှိစေရေးအားလုံးပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ သစ်တောများ ပြုန်းတီး မှုဖြစ်ပေါ်ခြင်းကြောင့် ရာသီဥတုများပူပြင်းလာနိုင်ပြီး စိုက်ပျိုးရေများ ခမ်းခြောက် သွားနိုင်သဖြင့် သစ်တောများ ပြုန်းတီးမှုမရှိအောင် ဒေသတွင် နေထိုင်သူများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နေသာသည့်ရက် များတွင်လည်း နေရောင်ခြည်ကို အကျိုးရှိစွာအသုံးချ၍ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကိုဆောင်ရွက်၍ရနိုင်မည်ဖြစ်ကြောင်း၊ ပင်းတယ ဒေသတွင် ဝမ်းစာဖူလုံမှုရှိသည်ကို အချက်အလက်များအရ တွေ့ရှိရသော်လည်း ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီမှု မရှိသေးကြောင်း၊ အထွက်နှုန်း ကောင်းမွန်သည့် မျိုးများကို ရွေးခြယ်စိုက်ပျိုးကြစေလိုကြောင်း၊

ဒေသတွင်းဝမ်းစာဖူလုံမှုရှိပါက ပြင်ပမှဝယ်ယူစားသုံးရန်မလိုအပ်သောကြောင့် ဒေသတွင်း ငွေကြေးလည်ပတ်မှု ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ဧက တိုးချဲ့ခြင်းထက် တစ်ဧကချင်း အထွက်နှုန်းများတိုးတက်ရေးကို ဆောင်ရွက်ကြရန်လို ကြောင်း၊ အလားတူ အခြားသီးနှံများကိုလည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်မည်ဆိုပါက ဝင်ငွေများပိုမိုကောင်းမွန်လာပြီး ဒေသစီးပွားရေးနှင့် ဒေသခံ များ၏ လူမှုစီးပွားဘဝများတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း ပိုင်ဆိုင်ထားပြီးဖြစ်သည့် ရေခံမြေခံကောင်းများကို စနစ်တကျဖြင့် အကျိုးရှိစွာ အသုံး ချပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း။

စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်

မွေးမြူရေးနှင့်ပတ်သက်၍ အထွက်နှုန်းများတိုးတက်စေရန်အတွက် အထွက်နှုန်း ကောင်းသည့် မျိုးများကို စနစ်တကျဖြင့် မွေးမြူရန်လိုကြောင်း၊ ပင်းတယဒေသတွင် ကြက်၊ ဝက်၊ နွားနှင့်အခြားတိရစ္ဆာန်များကို အောင်မြင်အောင်မွေးမြူဆောင်ရွက် မည်ဆိုပါက နိုင်ငံအတွက် အသားထုတ်လုပ်မှုများကို ဆောင်ရွက်ပေးနိုင်သည့် ဒေသ တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ နို့စားနွားများမွေးမြူ၍လည်း နို့နှင့် နို့ထွက်ကုန်များကို ထုတ် လုပ်နိုင်ကြောင်း၊ တိရစ္ဆာန်အစားအစာများ ထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေး ထုတ်ကုန်များ ဒေသတွင်း၌ရှိပြီးဖြစ်ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာ၌ စိုက်ပျိုးမွေးမြူ ရေး ထုတ်ကုန်များကို အားပေးဆောင်ရွက်နေခြင်းမှာ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုအတွက် သေချာသည့် ကုန် ကြမ်းများကို ရရှိနိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင်လိုအပ်သည့် သဘာဝ မြေဩဇာနှင့် ရေကို လုံလောက်စွာအသုံးပြုရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အာဟာရပြည့်ဝအောင် သွင်းအားစုများ မှန်မှန်ကန်ကန် ဖြင့် စိုက်ထည့်ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း။

ဒေသတွင်း ပညာတတ်လူသားအရင်းအမြစ်ကောင်းများ ရရှိရေး

ဟင်းသီးဟင်းရွက်များစိုက်ပျိုးရာတွင် ပိုးသတ်ဆေးများ အသုံးပြုမှုကို အန္တရာယ် ရှိသည်အထိ အသုံးမပြုစေလိုကြောင်း၊ စိုက်ခင်းများအတွက် ရေသုံးစွဲရာတွင်လည်း စနစ်တကျ ထိရောက်စွာ ဆောင်ရွက်ရန်လိုကြောင်း၊ ပင်းတယဒေသတွင် စိုက်ပျိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ စိုက်နည်းစနစ်များ၊ မြေပြုပြင်ခြင်းများနှင့် ရေအသုံးချ ခြင်းများကို ထိရောက်စွာအသုံးပြုသွားမည်ဆိုပါက စိုက်ပျိုးရေးထုတ်ကုန်များကို ယခု ထက်ပိုမို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေး ပညာ ကျွမ်းကျင်သူများ များစွာလိုအပ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ကြွယ်ဝစွာရရှိရေးအတွက် ဒေသတွင်း ပညာတတ်များပေါများရန်လိုကြောင်း၊ ပင်းတယဒေသတွင် ပညာသင်ကြားမှုနှင့် ပတ်သက်၍ အားနည်းမှုများ ရှိသည်ကို တွေ့ ရှိရကြောင်း၊ နည်းပညာစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများ၌ ပညာသင်ကြား နိုင်ရန် အနိမ့်ဆုံးအလယ်တန်းအဆင့်အထိ အောင်မြင်ထားရန်လိုအပ်ကြောင်း၊ အတန်း ပညာများရှိမှသာ အတတ်ပညာရှိမည်ဖြစ်ပြီး အတတ်ပညာများရှိမှသာ ကျွမ်းကျင် သူများ ဖြစ်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပင်းတယဒေသအတွင်း ပညာတတ်များ ပေါများရေး ပညာရေးကို ဝိုင်းဝန်းအားပေး ဆောင်ရွက်ကြရန် လိုကြောင်း။

ဒေသတွင်းခရီးသွားလုပ်ငန်း တိုးတက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေနိုင်မည်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ခရီးသွားများကိုဆွဲဆောင်နိုင်မှု ရှိသည့် သဘာဝပတ်ဝန်းကျင်အလှအပများ ရှိသည့်အပြင် ရာသီဥတုကောင်းမွန်ပြီး ထင်ရှား သည့်နေရာများကိုလည်း ပိုင်ဆိုင်ထားရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်၍ ခရီးသွားလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ဒေသမှထွက်ရှိသည့် ရိုးရာအစားအသောက်များနှင့် ဒေသထွက်ကုန်များကို ဆွဲဆောင်မှုရှိအောင်နှင့် အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပြီး ဒေသသို့ လာရောက်သူများလည်း များပြားလာမည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့ဒေသ အတွင်း သန့်ရှင်းသာယာလှပရေးအတွက်လည်း  ဒေသခံပြည်သူများ၊ ဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ဝိုင်းဝန်း ဆောင် ရွက်ကြရန်လိုကြောင်း၊ ဒေသမှအဓိကထွက်ရှိသည့် လက်ဖက်၊ ကော်ဖီ၊ ပဲပုပ် စသည့် စားသောက်ကုန်များကို အရသာရှိအောင်ဆောင်ရွက်၍ ထုပ်ပိုးမှုများကို စနစ်တကျဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သဖြင့် ရောင်း အားများ တိုးတက်လာမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လိုအပ်သည်မှာ ဒေသတွင်း၌ နေထိုင်သူများအားလုံး အလုပ်လုပ်ကိုင်ရန်ဖြစ်ပြီး မိမိတို့ အလုပ်လုပ်ခြင်း၏ အကျိုးကို မိမိတို့ ပြန်လည်ခံစားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးဆောင်ရွက်နေခြင်း မဟုတ်ဘဲ နိုင်ငံ့အရေးအတွက်ကိုသာ ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံ ရေး အရသဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခြင်းဖြင့် ဒေသအကျိုး သယ်ပိုးကြရန်လိုကြောင်း၊ ယနေ့တွင် အကြံပြုဆွေးနွေးပြောဆိုမှုများသည်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဒေသ တွင်နေထိုင်သည့် ဒေသခံများ၏ အကျိုးအတွက် တိုက်တွန်းဆွေးနွေးပြောဆို ခြင်းသာ ဖြစ်ကြောင်း၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းလုပ်ငန်းများ အောင်မြင် ဖြစ် ထွန်းစွာ ဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ နယ်မြေဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီ အလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်း ဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ ကြောင်း သတင်းရရှိသည်။