ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၂၄ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ နယုန်လဆန်း ၁၂ ရက်
( ၂၀၂၃ ခုနှစ် ၊ မေလ ၃၀ ရက် )
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ တုံချန်၊ ရပ်ကွက် (၁)၊ ကြည်ရှန်လမ်းတွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၏ မှတ်ပုံတင်အမှတ်မှာ ( ၁၉ ) ဖြစ်ပါသည်။
(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၂၅ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ နယုန်လဆန်း ၁၂ ရက်
( ၂၀၂၃ ခုနှစ် ၊ မေလ ၃၀ ရက် )
နာဂအမျိုးသားပါတီ [Naga National Party (NNP)]ကို
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ် ထားရှိသော နာဂအမျိုးသားပါတီ [Naga National Party (NNP)] ကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက် နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
နာဂအမျိုးသားပါတီ [Naga National Party (NNP)]၏ မှတ်ပုံတင်အမှတ်မှာ ( ၂၀ ) ဖြစ်ပါသည်။
(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်