သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ နေပြည်တော်၊ မေ - ၃၀

Tuesday, May 30, 2023 - 17:00

            သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

            ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိအခြေပြု လျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ပုဏ္ဏားကျွန်းမြို့၊ စံပြစာကြည့်တိုက်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

                    အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စစ်တွေမြို့နယ်၊ ရွာသစ်ကေကျေးရွာ၌ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် လမ်းဘေး ဘယ်/ညာမှ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

                    ထို့အတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေး အဖွဲ့များ သည် ရသေ့တောင်မြို့နယ်ရှိ သဘာဝလေဘေးသင့်ပြည်သူများအတွက် တာဝန်ရှိသူများ အား ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

            အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေး အဖွဲ့များသည် ကျောက်တော်မြို့၊ မြို့တော်ခန်းမ၌ လေဘေးသင့်ပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

            ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးကျေးရွာ၊ မြို့ယုကျေးရွာနှင့် ကျောက်ပန္တု ကျေးရွာတို့ရှိ လေဘေးသင့်ပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

            အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် တိုးချဲ့ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်ပေးခြင်းနှင့် စားသောက်ဖွယ်ရာ လှူဒါန်းခြင်းများဆောင်ရွက်ပေး လျက်ရှိ သည်။

            ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် အလယ်ချောင်းကျေးရွာအုပ်စု၌ ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဘူးသီးတောင်မြို့နယ်အတွင်း လဲကျနေသည့် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

            အလားတူ မြောက်ဦးမြို့သို့ ရောက်ရှိနေသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ဘောင်းဒွတ်အုပ်စု၊ ပန်းပဲတန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

            ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ နယ်မြေခံဆေးတပ်ရင်း ၌ အခြေပြု၍  နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ မျာအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။