news

၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ

သတင်းထုတ်ပြန်ချက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၆ ဖြင့် ၂၀၂၂  ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဥပဒေသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ အကျိုးသက်ရောက် မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ

သတင်းထုတ်ပြန်ချက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၅ ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအား အတည်ပြု ထုတ်ပြန် ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါဥပဒေသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစတင်၍  အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်အား လက်လုပ်မိုင်း လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည် သံဃာတော် ပါး၊ ယာဉ်မောင်း ဦးနှင့် ယာဉ်နောက်လိုက် ဦးတို့ ဒဏ်ရာရရှိ

နေပြည်တော်၊ ဧပြီ ၄

            နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများဖြင့် နှောင့်ယှက်ဖောက်ခွဲ

နေပြည်တော်၊ ဧပြီ ၄

            နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍ တစ်ခုတွင်ပါဝင်သော ပညာရည်မြင့်မားရေး၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအလေးထားဆောင်ရွက် လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားသည့်ကာလအတွင်း အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များကို ခေတ္တပိတ်ထားခဲ့ရသဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ် များ၏ ပညာရေးနှောင့်နှေးခဲ့ရမှုအပေါ် နိုင်ငံတော် အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ကုစားဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့် ကျောင်းများအား ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ သည်။ ထို့ပြင် အခြေခံပညာရေးမှ အဆင့် မြင့်ပညာရေးသို့ တက်ရောက်ရန် အရေးပါသည့် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း အောင်မြင်စွာကျင်းပနိုင်ရေး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ မိဘများနှင့် နိုင်ငံတော်အစိုးရတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်း၌ လေပြင်းတိုက်ခတ်ခဲ့သည့် ကျေးရွာ အုပ်စုများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၄

          ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်း၌ ဧပြီ ၃ ရက်၊ နေ့လယ်ပိုင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာများရှိ နေအိမ်များပြိုကျ ပျက်စီးခဲ့ပြီး အမိုးလန်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများက ယနေ့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက် ပေးသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်  ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက်အဆို ချမှတ်ခဲ့ခြင်းကို မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုဘဲ ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

 

၁-၄-၂၀၂၂ ရက်တွင် ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ (၄၉) ကြိမ်မြောက် အစည်းအဝေးတွင် ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ် ချက်အဆို ချမှတ်ခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိခြင်း၊ ဆုံးဖြတ်ချက်အဆိုတွင် ပါရှိသည့် အချက်များသည်လည်း ခိုင်လုံမှုမရှိခြင်းတို့ကြောင့် လက်ခံနိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်စစ်ဆေး၊ သင်တန်းသားများနှင့်တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ - ၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေး ဉီးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီး သင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးမြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်ရင်းအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ - ၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍  ယနေ့နေ့လည်ပိုင်းတွင် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော်၊ ဧပြီ - ၄

            ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။