news

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်  ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့

Stavropol Region ရှိ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်လေ့လာ                                                 

နေပြည်တော်၊ နိုဝင်ဘာ   ၂၀

              ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၉ ရက်တွင် Stavropol Region အတွင်းရှိ Barsuchkovskaya အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့်  Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်လေ့လာကြသည်။

              ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Barsuchkovskaya အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူး နှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး ဓာတ်အားပေး စက်ရုံ အကြောင်းနှင့် စက်ရုံလည်ပါတ်ဆောင်ရွက်နေမှုများအား  တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြကြရာ  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းကြသည်။

              အဆိုပါ  Rosatom ကုမ္ပဏီမှဆောင်ရွက်ထားသော   Barsuchkovskaya  အသေးစားရေအား  လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ Stavropol Region တွင် တည် ရှိပြီး Stavropol တူးမြောင်းကြီး တစ်လျှောက်တွင်  ဓာတ်အားပေးစက်ရုံ  ၁၁ ရုံအား ဆင့်ကဲ (Cascade) တည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။  စက်ရုံကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့ပြီး တပ်ဆင်အင်အားမှာ 5.25 MW ဖြစ်ကာ ဓာတ်အားစနစ်အတွင်းသို့  35 KV ဓာတ်အားလိုင်းဖြင့် ချိတ်ဆက် ဓာတ်အား ပို့လျက်ရှိသည်။     ဓာတ်အားပေး ၁၁      ရုံ၏ တပ်ဆင် အင်အားမှာ 481.8 MW ဖြစ် ကြောင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အကျိုးရှိစွာ  တူးမြောင်း တစ် လျှောက်ဆောက်လုပ်ထားကြောင်းတွေ့ရှိရသည်။ ကုမ္ပဏီအနေဖြင့် ရေအရင်း အမြစ် ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင်လည်း  လာရောက်ပူးပေါင်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက် လိုကြောင်းသိရသည်။

              ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Kochubeevskaya WPP  လေအားလျှပ်စစ်စက်ရုံသို့ သွားရောက်၍  စက်ရုံဧရိယာ အတွင်း တည်ဆောက် တပ်ဆင်ထားရှိသည့် လေအားလျှပ်စစ်ဆိုင်ရာတည်ဆောက် ထားရှိမှု၊ ဓာတ်အား စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှု့လေ့လာကြရာ စက်ရုံမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင် များက သိရှိလိုသည်များမေးမြန်းကြသည်။

               အဆိုပါ  Rosatom ကုမ္ပဏီမှဆောင်ရွက်ထားသော   Kochubeevskaya WPP  လေအားလျှပ်စစ်စက်ရုံမှာ Stavropol Region တွင်တည်ရှိပြီး  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ မှ စတင်၍  လည်ပါတ်မောင်းနှင်ခဲ့သည်။ Wind Turbines ပေါင်း ၈၄ တိုင် ရှိပြီး တစ်တိုင်လျှင် 2.5 MW ရှိ၍ စုစုပေါင်းတပ်ဆင်အင်အားမှာ 210MW ဖြစ်ပြီး တစ်နှစ်လျှင် ယူနစ်သန်းပေါင်း ၆၀၀ ခန့်အား ထုပ်လုပ်လျှက်ရှိပြီး ဓာတ်အား စနစ်အတွင်းသို့  330 KV ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ဓာတ်အား ပို့လျက်ရှိသည်။  ဧက ၁၆၀ အကျယ်အဝန်းတွင် တည်ဆောက်ထားရှိပြီး စုစုပေါင်းရင်း နှီးမြုပ်နှံမှု ငွေပမာဏမှာ ရုရှား ရူပီ ၂၈ ဘီလီယံခန့် ဖြစ်ကြောင်းသိရသည်။  တာဝါတိုင် တစ်တိုင်၏ အမြင့်မှာ  ၁၅၀  မီတာရှိပြီး တာဝါတိုင် Blade မှာ မီတာ ၅၀ ရှိကာ စုစုပေါင်း အလေးချိန်မှာ တန် ၃၂၀ ဖြစ်သော်လည်း  တည်ဆောက် တပ်ဆင်ရာတွင် လွယ်ကူလျှင်မြန်စွာဆောင်ရွက်နိုင်ကြောင်း နှင့် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လည်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အထူးစိတ်ဝင်စားကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ်   ၂၁၅    / ၂၀၂၂

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်  ၁၂      ရက်

 ( ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ  ၁၉    ရက် )

         တပ်မတော်(လေ)မှ လေ့ကျင့်ရေးလေယာဉ်တစ်စီးသည် ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း လေ့ကျင့်ပျံသန်းစဉ် သရက် ချောင်းမြို့ တောင်ဘက် မီတာ ၉၀၀၀ ခန့်အကွာသို့အရောက် စက်ချို့ယွင်းမှုဖြစ်ပွား ခဲ့သဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်းနှင့် လေယာဉ်မှူးနှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။

            ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၊ အမှတ်(၅၀၀) မြေညီထပ်တွင် ဖွင့်လှစ်ထား သော Ye Min Aung Money Changer သို့ အမျိုးသား ၃ ဦးဝင်ရောက်လာပြီး အမျိုးသား ၂ ဦးမှ သေနတ်ဖြင့် ချိန်ကာ ကျန်အမျိုးသားတစ်ဦးမှ ဓားမြှောင်တစ်လက်ကိုင်ဆောင်ခြိမ်းခြောက်၍ ဆိုင်ရှိ ငွေကျပ်သိန်း ၃၀၀ ခန့်နှင့် I phone တစ်လုံးအား ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဓားပြတိုက်မှုအား တရားခံ ၄ ဦးက ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ၃ ဦးမှ ဆိုင်အတွင်း ဝင်ရောက်လုယက်ကာ တစ်ဦးမှာ ဆိုင်အပြင်ဘက်ရှိ မော်တော်ယာဉ်ပေါ်၌ အသင့်စောင့်ဆိုင်းနေခဲ့သည်ကို တွေ့ရှိပြီး အခင်းဖြစ်နေရာ၌ လုယက်သူများကျန်ရှိခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ၉ တောင့်နှင့် ကျည်ခွံတစ်ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဓားပြတိုက်မှုကျူးလွန်သူ တရားခံများအား မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်းတွင် (ပ)၃၅၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးရမိနိုင် ရေးဆောင်ရွက်ခဲ့သည်။

            ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၈ မိနစ်အချိန်ခန့်တွင် ရန်ကုန်ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ၂၆ လမ်းထိပ်၊ အမှတ်(၇၁၈/၇၂၀)ရှိ “သစ္စာ”ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်းအရောင်းဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်ထွန်း(ခ) အင်မရမ်းနှင့် မိတ်ဆွေဖြစ်သူ ဦးမြင့်ကြည်တို့ရှိနေစဉ် Mask အနက်ရောင်များ ဝတ်ဆင်ထားသော အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသား ၃ ဦးမှ ဓားမြှောင်များကိုင်ဆောင်ဝင်ရောက်လာကာ ဦးမောင်မောင်ထွန်း နှင့် ဦးမြင့်ကြည်တို့အား ရန်ပြုတိုက်ခိုက်ခြိမ်းခြောက်ပြီး ဦးမောင်မောင်ထွန်းပိုင် မီးခံသေတ္တာအတွင်းရှိ ငွေကျပ်သိန်း ၂၈၀ ၊ ဦးမြင့်ကြည်ပိုင် YGN 4H 6543 Toyota Allion ခဲရောင်မော်တော်ယာဉ်နှင့် I phone ၂ လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် လုယက်မှုကျူးလွန်သူ တရားခံများအား ပန်းဘဲတန်း မြို့မရဲစခန်းတွင် (ပ)၆၈/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူ့ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၉၄၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

              ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင်  Sanit Petersburg ရှိ Nuclear technology information center သို့သွားရောက် လေ့လာကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၉၉၂ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူ ၁၂၆၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။