၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
news
၂ဝ၂၂ခုနှစ်၊တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချူပ်ကိုယ်စားပြု ဘောလုံးအသင်းတို့သည် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H. E. Mr. Vinay Mohan Kwatra အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ နိုဝင်ဘာ - ၂၁
Generation Z Power (PDF) အမည်ခံ အကြမ်းဖက်သမားများ ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၁
နိုင်ငံတော်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် PDF အမည်ခံအကြမ်းဖက်သမားများက အပစ်မဲ့ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် အများပြည်သူပိုင် နေရာများကို ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက် ၃၅လမ်း၊ ၈၅/၈၆လမ်းကြား၌ ညောင်ပင်ရင်းမှ ဗုံး(၁)လုံး ပေါက်ကွဲကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ Generation Z Power (PDF) အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် လမ်းမြောက်ဘက်ခြမ်း COFFEE KING ရှိဦးဝင်းကိုကို၊ အသက် ၆ဝ နှစ်၊ ၈၁/ ၃၆လမ်းထောင့်နေသူ၏ ဝဲနားထင် ပေါက်ကွဲအစထိမှန်(သေဆုံး) နှင့် လမ်းတောင်ဘက်ခြမ်းတွင် ရပ်ထားသော 2L/3086 (mazDa Demio) ကား အဖြူရောင် (၁)စီးတို့ ရှေ့ဘန်ကာ ပျက်စီးသွား ခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၁၉ရက် နံနက် ၁၁ နာရီခန့်တွင် မဟာအောင် မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်၊ ရာအိမ်မှူး ဉီးထွန်းမြင့်အေး အား 42-A လမ်း၊ 91-Cလမ်း သိန်းသန်းဝေခေါက်ဆွဲဆိုင်ရှေ့တွင် ဧည့်စာရင်းစာအုပ်သွားရောက်ပို့ဆောင်နေစဉ် Generation Z Power (PDF)အမည်ခံ အကြမ်းဖက် သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။
အလားတူ နိုဝင်ဘာလ ၂၀ရက် ညနေ ၅ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာသွား ကားလမ်းမဘေးရှိ ကြယ်စင်လင်းဆိုင်ကယ်ပြင်ဆိုင်တွင် ရေထွက်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဆွေသည် ၄င်း၏ ဆိုင်ကယ်အား ပြုပြင်ရန်စောင့် ဆိုင်းနေစဉ် ရေထွက်သွားကားလမ်းမ အနောက်မှ အရှေ့ဘက်သို့ မောင်းနှင်လာသော ကလစ်ဘီးလိမ္မော်ရောင်ဖြင့် လူငယ်နှစ်ဦး ရောက်ရှိလာပြီး လက်နက်ငယ် ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမြင့်ဆွေ၏ လည်ပင်းဝဲဘက်ဖေါက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၂၀ရက်နေ့ နံက် ၈ နာရီအချိန်ခန့်တွင် မဟာအောင် မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ အကွက်(၆၅၀) ၇၆ လမ်း၊ ၃၇/၃၈ လမ်းကြားရှိ ရှမ်းခေါက်ဆိုင်တွင် လူ(၁)ဦးသေနတ်ပစ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမေးမြန်းရာ ၇၆ လမ်းအတိုင်း မြောက်မှတောင်သို့ CZI (အနက်/နံပါတ်ပြားမပါ)ဆိုင်ကယ်ဖြင့် လူ(၂)ဦး Maskများ တပ်လျှက် ရောက်ရှိလာပြီး ရှမ်းခေါက်ဆွဲဆိုင်အတွင်းရှိ ဦးကျော်ဇင်ထက်၊ ၇၆/ ၇၇ ၊ ၃၆/ ၃ရလမ်းကြား ဟေမမာလာမြောက် ရပ်ကွက်နေသူအား သေနတ်ဖြင့်(၂) ချက်ပစ်ခတ်ပြီး ၄င်းတို့စီးနင်းလာသော ဆိုင်ကယ်ဖြင့် ၇၆ လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
ပစ်ခတ်မှုကြောင့် ဦးကျော်ဇင်ထက်၏ ဝဲပါး(၁)ချက်၊လည်ပင်း ဝဲဘက်ခြမ်း (၁)ချက် ဖေါက်ဝင်ဒဏ်ရာများရရှိပြီး ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြေရာခံ၍ လိုက်လံပိတ်ဆို့ရှာဖွေစဉ် ယနေ့နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ မြို့မရပ်ကွက်၊ ၁၉ လမ်းတွင် Generation Z Power (PDF)အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေ စဉ် ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်းပေါ်ရှိ အဆုတ်ရောဂါကုသရေးဆေးရုံအနီးသို့ အရောက် တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၄ ဦးတို့မှ လမ်းပေါ်တွင် မောင်းနှင်လာသော မောင်ဝင်းပြည့်စိုး၊ ဆိုင်ကယ်ဝပ်ရှော့၊ အောင်မင်္ဂလာ(၁)ရပ်ကွက်၊ ပုသိမ်းကြီးမြို့နယ် နေသူအား သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားခဲ့ပြီး ၎င်း၏ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးစဉ် လုံခြုံရေးအဖွဲ့များက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် Generation Z Power(PDF)အမည်ခံ အကြမ်းဖက်အဖွဲ့ ဒု-အဖွဲ့ခေါင်းဆောင် ကျွဲကြီး(ခ)သက်နိုင်ထွန်း(ခ)သက်နိုင်၊ Gener ation Z Power (PDF)အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဘဏ္ဍာရေးတာဝန်ခံ အကြီးကောင်(ခ)မိုးကို၊ အဖွဲ့ဝင် ဇေယျာနှင့် ကျော်စွာလင်း တို့(၄)ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
မြို့နယ်ကျေးရွာများအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထု များအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ် အခြေခံကာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်းနှင့် မြို့ရွာများ တည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားကြောင်း သတင်းရရှိပါသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ဆေးပစ္စည်းများ လွှဲပြောင်း၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ နိုဝင်ဘာ ၂၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ပြွန်တန်ဆာမြို့၊ စံဒွန်းကုန်းကျေးရွာနေ ကျင်စိုးနှင့် ၎င်း၏သားဖြစ်သူ ဘိုရဲ(ခ)ဘိုလင်းစိုး တို့သည် ၎င်းတို့အသုံးပြုသည့် “Kyin Soe” Facebook အကောင့်နှင့် “Bo Ye” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ အောင်မင်းထက်ဝေသည် ၎င်းအသုံးပြုသည့် “Ro Meo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ နိုဝင်ဘာ - ၂၁
ရွှေကျင်မြို့နယ်၊ ရွှေကျင်- ကျောက်ကြီးသွားကားလမ်းပေါ်ရှိ သရက်ချောင်း ချောင်းကူး တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး
နေပြည်တော်၊ နိုဝင်ဘာ - ၂၀
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရွှေကျင်- ကျောက်ကြီးသွား ကားလမ်း ပေါ်ရှိ သရက်ချောင်း ချောင်းကူးတံတားအား ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တုံး တံတားကျေးရွာ၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၊ ရွှေကျင်- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ အရှည် ၅၀ ပေ၊ အကျယ် ၃၀ ပေ သံကူကွန်ကရစ်အမျိုးအစား သရက်ချောင်း ချောင်းကူးတံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲ ဖျက်ဆီးထားသည်ကို တွေ့ရှိရပြီး တံတား ကြမ်းခင်းအလျား ၁၂ ပေ၊ အကျယ် ၂၅ ပေခန့် ပြိုကျပျက်စီးခဲ့သည်ကို တွေ့ရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်းနှင့် တံတား ပျက်စီးမှုအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ နိုဝင်ဘာ ၂၀
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်နေ ထူးနိုင်အောင်သည် ၎င်းအသုံးပြုသည့် “Htoo Naing Aung” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအနောက်ရပ်ကွက် နေ အိသက်သက်ဖြူသည် ၎င်းအသုံးပြုသည့် “Ei Thet Thet Phyu” Facebook အကောင့်၊ မေဃဂီရိရပ်ကွက်နေ သိန်းကြွယ်သည် ၎င်းအသုံးပြုသည့် “U Thein Kyawal” Facebook အကောင့်၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာနေ ဇော်လင်းဦးသည် ၎င်းအသုံးပြုသည့် “Zaw Linn Oo” Facebook အကောင့်နှင့် ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်၊ ခရမ်းညောင်ပင်ကျေးရွာနေ ဝေဖြိုးလင်း (ခ) ကိုဖြိုးသည် ၎င်းအသုံးပြုသည့် “Wai Phyo Lin (Ko Phyo)” Facebook အကောင့် တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ နိုဝင်ဘာ - ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၁၀၆၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၄၆ ဦး၊ ခွဲစိတ်ရောဂါ ၂၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၁၄၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၄ ဦး၊ မျက်စိရောဂါ ၃၁၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၀၂ ဦး၊ စုစုပေါင်း ၁၀၆၆ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ မျက်စိခွဲစိတ်လူနာ ၁၀ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၅၅ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံ များသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။











































































































