Friday, May 26, 2023 - 16:30
ရန်ကုန်တိုင်းဒေသကြီးသို့ လေ့လာရေးခရီးရောက်ရှိနေသော ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများ အား သင်တန်းကာလနှင့် လေ့လာရေးခရီးစဉ်များပြီးမြောက်၍ တပ်မတော်လေယာဉ်/ မော်တော်ယာဉ်တို့ဖြင့် သက်ဆိုင်ရာမြို့နယ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့ရာ သက်ဆိုင် ရာတာဝန်ရှိသူများနှင့် မိဘပြည်သူများက ကြိုဆိုခဲ့ကြသည်။
ဆက်လက်ပြီး သက်ဆိုင်ရာသင်တန်းစခန်းအသီးသီးရှိ တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။