မိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများထံသို့အာဆီယံနိုင်ငံများမှပေးပို့သည့်စုစုပေါင်း အမေရိကန်ဒေါ်လာ ခန့်မှန်း(၅၃၀၀၀)ကျော်တန်ဖိုးရှိအရေးပေါ် အကူ အညီ ပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲခန့်ကို သယ်ဆောင်လာသည့် မလေရှားလေကြောင်းလိုင်းမှလေယာဉ်တစ်စီးသည် ယနေ့နံနက် ၁၁နာရီ၄၅ မိနစ် ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်သို့ ဆိုက်ရောက်ခဲ့သည်။
ယနေ့ တတိယအသုတ်အဖြစ် ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှုအကူအညီများအတွက် အာဆီ ယံ ညှိနှိုင်းရေးဌာန(AHA Centre)တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနမှညွှန်ကြားရေးမှူးဦးသန်းစိုးနှင့်တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးကြပြီးမုန်တိုင်းဒဏ်သင့်ဒေသများရှိပြည်သူများထံသို့ဆက်လက်ပို့ဆောင်နိုင်ရေးလွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။တတိယအသုတ်အဖြစ်ယနေ့ရောက်ရှိလာသည့်ထောကိပံ့ကူညီရေးပစ္စည်းများမှာ AHA တံဆိပ်ပါ မိသားစု ငါးဦးအသုံးပြုနိုငိသညိ့မီးဖိုချောင်သုံးပစ္စည်း ၅၂ထုပ်၊ Shelter Tool kit ၂၁၀ထုပ် ၊ တာပေါ်လင်စ ၂၈၀ထုပ် ပါဝင်ပြီးစုစုပေါင်း ၅၄၂ထုပ် ကုန်တန်ချိန် ၁၆တန်ခွဲခန့်ဖြစ်ကြောင်းသိရသည်။
အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ ပေးအပ်လှူဒါန်း ထောက်ပံ့ခြင်းဖြစ်ပြီးနိုင်ငံတော်အစိုးရအနေဖြင့်ကယ်ဆယ်ရေးနှင့်အကူအညီများပံ့ပိုးရာတွင်လေဘေးသင့်ပြည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေးမူကိုလက်ကိုင်ထား၍ သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးဌာနအသီးသီးနှင့် အချိန်နှင့် တပြေးညီ ပူးပေါင်းဆောင်ရွက်လက်ရှိပြီး AHA Centre သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း များနှင့်လည်းအပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။