news

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

‌          ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိဘုရားစေတီများမှ ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့ဝင် ၉၀ ဦး၊ အုပ်ချုပ်သူ ၄ ဦး စုစုပေါင်း ၉၄ ဦး တို့သည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

          အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊  ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ ဘုရားရှိခိုးကျောင်း များကို ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေး ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center ၊ Neighboring Countries Coordination Center(NCCC)ဌာန၏ အကြီးအကဲဖြစ်သူ General Kittisak Boonprathamchai  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အုန်းကုန်းကျေးရွာတွင် ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး က‌လေးငယ်တွေ အပါအဝင် ၆ ဦး ဒဏ်ရာရှိခဲ့သည်ဟု မဟုတ်မမှန် သတင်းမှားကို လူမှုကွန်ရက်စာမျက်နှာတွင် အကြမ်းဖက်အားပေးမီဒီယာ DVB မှ ရေးသားဖြန့် ဝေလျက်ရှိ သည်ကို တွေ့ရှိရပါသည်။

              နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် စိစစ်ဆဲ ဖြစ်သည့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)၏ ပါတီခေါင်းဆောင် ကွယ်လွန်သွားသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမှ

          အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။