မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်)အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဖွင့်လှစ် နေပြည်တော်  ဩဂုတ် ၃၀

Friday, August 30, 2024 - 17:30

          မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦနှင့်ဇလပ်ဝါပလာဇာဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းရှိ အဆိုပါပလာဇာမျက်နှာစာ၌ ကျင်းပရာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟို အမှုဆောင်အဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန်၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ၊ ဌာနကြီးမှူးများ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်)အဆောက်အဦနှင့် ဇလပ်ဝါပလာဇာအား မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းဇော်၊ အထွေထွေ အုပ်ချုပ်ရေးရာဌာနကြီးမှူး ဦးမောင်မောင်စိုး၊ ဝန်ဆောင်မှုလုပ်ငန်းများဌာနကြီးမှူး ဦးအောင်ရဲဝင်း၊ ဒါရိုက်တာအဖွဲ့ဝင် ဦးကျော်မျိုးဝင်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

          ထို့နောက် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(ရုံးချုပ်)အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဆိုင်းဘုတ်အား စက်ခ လုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသည့် တာဝန်ရှိသူ များနှင့် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ရုံးချုပ်နှင့် ဇလပ်ဝါပလာဇာအဆောက်အအုံ ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာရည်ဖြင့်ပက်ဖျန်းပေးပြီး အခမ်းအနားအား ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

 အဆိုပါ ဇလပ်ဝါပလာဇာသည် နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မန္တလေးလမ်း နှင့်ဇလပ်ဝါလမ်းထောင့်တွင်တည်ရှိပြီး စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့်ဆေး ပစ္စည်း၊ ကျောက်မျက်ရတနာ၊ အဝတ်အထည်၊ စာရေးကိရိယာ၊ နိုင်ငံခြားအစားအစာ နှင့်ရိုးရာအစားအသောက်များ၊ Cosmetic ဆိုင်ရာများ၊ အမှတ်တရလက်ဆောင် ပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးအထောက်အကူပြုစက်ပစ္စည်းများ၊ အီလက် ထရောနစ်ပစ္စည်းများကို တစ်နေရာတည်း၌ ပြီးပြည့်စုံစွာ ဝယ်ယူနိုင်သည့်အပြင် ခေတ်မီကလေး ကစားကွင်းများပါဝင်ကာ အခမ်းအနားများပြုလုပ်နိုင်သည့်ခန်းမလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါပလာဇာအား နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း သိရသည်။