အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှစ်ခိုးကျောင်းများကို Drone များအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွင်းသို့ ဝင်ရောက် နေရာယူ၍ အခိုင်အမာခံစစ်စခန်း ပြုလုပ်ခြင်းစသည့် အဖျက်အမှောင့် လုပ်ငန်းများဖြင့် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။
news
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့သဖြင့် နေအိမ် ၁၀ လုံးကျော်မီးလောင်ခဲ့ကြောင်း ကောလာဟလ သတင်း အမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ဇန်နဝါရီလ ၁၁ ရက်
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၉ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင် ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက ကောလာဟလ သတင်းအမှားများကို လုပ်ကြံရေးသားပြီး လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် လားရှိုးမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူက ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်
နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၁
စစ်ရေးဖြင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက် ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လွတ်လပ်ရေး ပန်းခြံကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင်ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကရင် ရိုးရာကောက်သစ်စားပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသူများအား ဆုများအပ်နှင်းချီးမြှင့်ပွဲသို့ တက်ရောက်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ
မြစ်ကြီးနား ဇန်နဝါရီ ၁၁
(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားများ တက်ရောက်ရန် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသူများအား ဆုများအပ်နှင်းချီးမြှင့်ပွဲ အခမ်းအနား တတိယနေ့သို့ တက်ရောက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆန်အိတ်နှင့် ဆီများ ပေးအပ်လှူဒါန်း ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် တွေ့ဆုံထောက်ပံ့
မြစ်ကြီးနား ဇန်နဝါရီ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင် စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့နှင့်အတူ ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်အတွင်းရှိ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ကြီးများအား ဖူးမြှော်ကြည်ညိုခဲ့ပြီး ဆွမ်းဆန် တော် ၊ ဆီနှင့် အလှူငွေများ လှူဒါန်း ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြမြို့၊ မြစိမ်း ရောင်တောင်တော်၌ ကရင်နှစ်သစ်ကူးနေ့တွင် ကျင်းပသည့် “ထူးချင်ဖူးစမ်းမြစိမ်းရောင်ပြခန်း”တက်ရောက်ဖွင့်လှစ်၍(၈၆)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တက်ရောက်
ပုသိမ် ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော် ၌ ကျင်းပသည့် “ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က အဆိုပါတောင်တော်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ကရင်တိုင်းရင်းသား၊တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။


















































































































































































