ရှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု စတင်အသက် ဝင်သည့်နေ့တွင် တပ်မတော်က လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ထုတ်ပြန် ကြေညာသည် ဟု သတင်းအမှားများကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများဖြစ်သည့် Khit Thit Media နှင့် DVB TV News တို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။
news
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို တပ်မတော်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန် အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား လှိုင်သာယာ စက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံ၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီး ကြက်ရိုးကုန်းရွာကို ဇန်နဝါရီ ၁၂ ရက်နေ့ ယနေ့နံနက် ၇ နာရီအချိန် တပ်မတော်စစ်ကြောင်းတစ်ခုမှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရွာကို အကြောင်းမဲ့လာရောက်မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တောင်ပုကျေးရွာကို ဇန်နဝါရီ ၁၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့်ဒေသခံများထံမှ ငွေကြေးများ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများ တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချ ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee နှင့် ယနေ့ညနေပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။































