အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
news
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အား ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး ဟင်္သာတမြို့ရှိ နယ်မြေခံတပ်ရင်းတွင် စစ်သင်တန်း တက်ရမည်ဖြစ်ကြောင်း၊ ပြီးရင်ရှေ့တန်းကို ပို့ခံရမည်ဖြစ်သည့်အတွက် ရပ်ကျေး အုပ်ချုပ်ရေးမှူးများမှ နှုတ်ထွက်စာတင်သော်လည်း ထွက်ခွင့်မရဟု သတင်းတု၊ သတင်း မှားများအား လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိပါသည်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို တပ်မတော်က ဝင်ရောက် စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွား သည်ဟု မဟုတ်မမှန်သတင်းများကို ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Khit Thit Media က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူလု၏ လူမှုစီးပွားဘဝ ထိခိုက်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် စစ်ရေး ပစ်မှတ်မဟုတ်သည့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိသည့်အပြင် ဆက်သွယ်ရေးတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များ၊ စက်ရုံများကို ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။
ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ်(၆)အစုန် ရန်ကုန်-မန္တလေး လူစီး အမြန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြားသို့ ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်တိုင်အမှတ်၊ ၁၀၄/၁-၁၀၃/၂၄ အရောက် တံတားအမှတ်(၁၄၆)နှင့် (၁၄၇)အနီး တို့၌ ရထားလမ်းအား အကြမ်းဖက် သောင်းကျန်းသူ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့၏ မိုင်းခွဲဖျက်ဆီး ထားခြင်းကြောင့် ရထားသံလမ်းပြတ်တောက်ပျက်စီးနေ၍ ရထားစက်ခေါင်းနှင့်အတူ လူစီးတွဲ(၃)တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့သည်။




































































































































































































































