ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၄ / ၂၀၂၄
၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်
( ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်)
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်စွဲပါ စစ်အုပ်ချုပ်ရေး(Martial Law) အမိန့်အမှတ် ၃/၂၀၂၄ ဖြင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအား စစ်အုပ်ချုပ်ရေးကြေညာထားသည့် မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးဆိုင်ရာစစ်အုပ်ချုပ်ရေး(Martial Law) အာဏာ ကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရအပ်နှင်းခဲ့ပါသည်။



















































