news

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် (ရေ) မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  ဇွန် ၁၈ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်ဖြူမြို့ အနောက်မြောက်ဘက် ၃၀ မိုင် ခန့်အကွာရှိ မြန့်မာပင်လယ်အတွင်း၌ ကုန်တင်ရေယာဉ် တစ်စီး စက်ပျက်မျောပါနေကြောင်း သတင်းအရသွားရောက်ရှာဖွေရာ စက်ပျက်၍မျောပါနေသည့် MV ရွှေနန်းရှင် အမည်ရှိ ကုန်တင်ရေယာဉ်အား ရေယာဉ် အမှုထမ်း ၁၇ ဦးနှင့်အတူတွေ့ရှိခဲ့သဖြင့် ၎င်းကုန်တင် ရေယာဉ်အား တွဲဆွဲ၍ ကျောက်ဖြူမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

                 ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်းရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင်သို့ အကြမ်းဖက်သမား    ၃ ဦးမှ ရောက်ရှိလာပြီး ရွှေဆိုင်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံအား သေနတ်ပြခြိမ်းခြောက် ဓားပြတိုက်လုယက်ခဲ့သည့် တရားခံများနှင့် ဆက်စပ်တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား လက်နက်/ခဲယမ်းမျိုးစုံ တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကာ ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ဖြစ်စဉ် ဖြစ်ပွားပြီး ၅ နာရီအတွင်း ပြန်လည်သိမ်းဆည်းရမိခဲ့သည့်သတင်းအား ဇွန်လ ၁၉ ရက် တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

                 ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဒါဝီလမ်းရှိ “မြတ်မောင်”စိန်ရွှေရတနာ ဆိုင်သို့ အကြမ်းဖက်သမား (စိစစ်ဆဲ)ကျား ၃ ဦးမှ ပစ္စတို ၂ လက်ကိုင်ဆောင်ကာ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဧည့်ကြိုဝန်ထမ်း ၂ ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွှေဆိုင် ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (ကာလတန်ဖိုး ငွေကျပ်သိန်း ၁၆,၆၀၀ ခန့်) တို့အား သေနတ်ပြခြိမ်းခြောက်ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူ များအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မ​​တော်(ရေ)မှ ထောက်ပံ့ရေးရေယာဉ်(​ပြည်တော်​အေး-၂)သည် စိုက်ပျိုးရေး ၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၄၀ ကီလိုပါ ဆန်အိတ် ၁၃၈၅၀ အိတ်၊ ၆ ပြည်ပါ ဆန် အိတ် ၅၆၈ အိတ် ၊  အသင့်စားဆန် ၄၀၀ ဖာ ၊  Minitractor ၁၀ စီး ၊ လက်တွန်း ထွန်စက် ၁၄ စီး ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  စောင်၊ ခြင်ထောင် ၆၅၀ ဖာ ၊ ကျောင်းဝတ်စုံ ၁၈၉၃၀ ထည်နှင့်  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ အိမ်ရိုက်သံ ၂၃၃၃ ဖာ စုစုပေါင်း ကုန်တန်ချိန် ၆၆၅ တန်အား တင်ဆောင်၍ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ စစ်တွေမြို့သို့ ယနေ့နေ့လယ်ပိုင်းတွင် ထွက်ခွာခဲ့သည်။

            သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသ များတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။