ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား လက်ခံတွေ့ဆုံ စက်တင်ဘာ ၁၀

Tuesday, September 10, 2024 - 16:45

           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံပါ သည်။

          တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးစီမံကိန်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက် မည့်ကိစ္စရပ်များ၊ ပင်လယ်ကူးသင်္ဘောဝန်ထမ်းများ လေ့ကျင့်သင်ကြားရေးနှင့် အလုပ်အကိုင်ရရှိရေး၊ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရေး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးနှင့် နည်းပညာမျှဝေရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအမှူး များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ ပါသည်။