မရမ်းကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅ သိန်း ဖမ်းဆီးရမိ နေပြည်တော်၊ ဩဂုတ် ၂၃

Friday, August 23, 2024 - 18:45

ဩဂုတ်လ ၁၉ ရက်နေ့ ၁၅၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ ဂန္ဓမာလမ်းပေါ်တွင် ဗိုလ်ဗလ(ခ)ဗလ မောင်းနှင်ပြီး စိုင်းနော်ခမ်း လိုက်ပါလာသည့် SUCCEED အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀,၀၀၀ ပြား သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ၁၈၃၀ အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အောင်မင်းထွန်း(ခ)အောင်ကြီး အား လမ်းမတော်မြို့နယ်၊ (၉)ရပ်ကွက်၊ ဘိုးရာဇာ လမ်းရှိ နေအိမ်တွင်လည်းကောင်း၊ ဩဂုတ်လ ၂၀ ရက်နေ့ ၁၄၃၀ အချိန် စိုင်းခေး(ခ)စိုင်းစံမီး အား တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၆)တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ဗိုလ်ဗလ(ခ)ဗလ(၃၆)နှစ်၊ စိုင်းနော်ခမ်း(၃၆)နှစ်၊ အောင်မင်းထွန်း(ခ)အောင်ကြီး(၄၂)နှစ်နှင့် စိုင်းခေး (ခ)စိုင်းစံမီး(၂၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သတင်းရရှိသည်။