၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင် ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီး ကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် အားကစားနှင့် ပတ်သက် ၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများစွာရှိသည့်အနက် “အားကစားသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ အထိမ်းအမှတ် လက္ခဏာဖြစ်သည်ဟု မှတ်ယူကြသည်၊ တစ်နည်းအားဖြင့် အားကစားသည် လူသားထု တစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေး ကိုရှေးရှုသော ပျော်ရွှင်ရင်ခုန်ကြည်နူးဖွယ် လှုပ်ရှားမှုအဖြစ် လူတစ်ဦးချင်း၊ လူတစ်စု လူတစ်ဖွဲ့မှသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ လူမှုအသိုင်းအဝိုင်း တစ်ရပ်လုံးမှသည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံချင်းစီအကြား လူသားဆန်သော အပြန်အလှန် ရင်းနှီးချစ်ကြည်မှုကို ဖန်တီးပေးနိုင်သည့်အရာဟု သိရှိရပါကြောင်း၊ တစ်နည်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၏ သံတမန်အခင်းအကျင်း တစ်ရပ်အဖြစ် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်းတည်းဟူသော လောကပါလတရားများကိုပင် ဖြစ်ထွန်း စေနိုင်သည်ဟု မျှော်လင့်ယုံကြည်ကြသည်” ဟုလည်း အဓိပ္ပာယ်ဖွင့် ဆိုကြကြောင်း။
ပဉ္စမအကြိမ် ကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးတွင် ထူးချွန် ထက်မြက်ပြီး နိုင်ငံဂုဏ်ဆောင်သည့် အားကစားသမားများ ထွက်ပေါ်လာနိုင်ပြီး နိုင်ငံတော်အဆင့်၊ အာဆီယံအဆင့် စံချိန်ချိုးနိုင်သည့် အားကစားသမားများလည်း ထွက်ပေါ်လာနိုင်ကြောင်း၊ ထို့အတူ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ထွက်ပေါ်လာ မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အဆိုပါထူးချွန် အားကစားသမားများကို ရေရှည်ရပ်တည်နိုင်ရေး ပံ့ပိုးပေးရန်လိုကြောင်း၊ အမျိုးသား အားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများအဖြစ် မျှော်မှန်းကြိုးစား ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း။
အမျိုးသားအားကစားပွဲတော် ကျင်းပရန် (၃) လဝန်းကျင်ခန့် အချိန်ရရှိသေးသော်လည်း ကော်မတီဝင်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်မျှော်မှန်း ဆောင်ရွက်ထားရန်နှင့် ဖွင့်ပွဲ၊ ပိတ်ပွဲ၊ အခမ်းအနားများ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲ ပွဲစဉ် တစ်လျှောက် လစ်ဟာမှုမရှိအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပါဝင် ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို အောင်မြင်လိုသည့် စိတ်ဓာတ်ကောင်း များ၊ အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြရမည် ဖြစ်ကြောင်း၊ ထူးချွန် အောင်မြင်စွာ ထွက်ပေါ်လာမည့် အားကစားသမားများကိုလည်း ဝန်ကြီးဌာန အလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့် သွားကြရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရ များလက်ထက်တွင်လည်း ထူးချွန် အောင်မြင်ခဲ့သည့် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ခဲ့သကဲ့သို့ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ အစိုးရလက်ထက်တွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်လျက်ရှိကြောင်း။
ထိုသို့ ချီးမြှင့်ခဲ့မှုအနေဖြင့် အာရှနှင့် အရှေ့တောင်အာရှအဆင့် အားကစား ပြိုင်ပွဲကြီးများ အပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးပေါင်း ၂၂ ခုသို့ သွား ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၇၇)ခု၊ ငွေတံဆိပ် (၈၇)ခုနှင့် ကြေးတံဆိပ် (၁၅၉) ခုရရှိအောင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ကို အခမ်းအနားများကျင်းပပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်၍ ဆုကြေးငွေအားဖြင့် ငွေကျပ် (၇၄၅၂၃) သိန်းနှင့် အမေရိကန်ဒေါ်လာ (၁၃၃၉၀၀)တို့ကို အားကစားသမား များအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း၊ ထိုသို့ ချီးမြှင့်ခြင်းသည် မျိုးဆက်သစ် လူငယ်များအနေဖြင့် နိုင်ငံဂုဏ်ဆောင်လိုသည့် စိတ်ဓာတ်ပေါ်ပေါက်လာစေရန် ရည် ရွယ်ပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။
နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ဩဂုတ်လ(၁၂)ရက်တွင် ကျင်းပခဲ့သည့် “၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့” အခမ်းအ နားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ် ကဏ္ဍနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် လူမှုရေးဦး တည်ချက် (၃)ရပ်တွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ် များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟု ထည့်သွင်း ချမှတ်ထားရှိပြီး လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေး ထားဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို ယခင်ကထက် ပိုမိုထိရောက် ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း။
၎င်းအပြင် ယနေ့လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်တိုင်း ကျန်းမာကြံ့ခိုင်အောင် အားကစားနည်းတစ်မျိုးမျိုးကို လေ့လာ လိုက်စားစေပြီး အဆိုပါလူငယ်များထဲမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာအောင် ဆောင်ရွက်ကြရေးသည် အလေးထားဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည်ကို အသိပေးမှာကြားလိုသည်ဟု လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ အဆိုပါမှာကြားချက်ကို လုပ်ငန်းလမ်းညွှန်ချက်အဖြစ် မှတ်သား ပြီး ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးတွင် ဝင်ရောက်ယှဉ် ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများ၏ အသက်တိကျမှန်ကန်ရေးနှင့် ပတ် သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ E-id Software အသုံးပြု စစ်ဆေးပေးရန် လိုကြောင်း၊ ယခင်က မိမိဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အောင်နိုင်လိုစိတ်ဖြင့် အသက်ကန့်သတ်ချက်များအား ကျော်လွှား ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ သို့ဖြစ်၍ အသက်တိကျမှန်ကန်ရေးအတွက် မှန်မှန် ကန်ကန် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် တားမြစ်ဆေးဝါးသုံးစွဲပြီး ယှဉ်ပြိုင် ခြင်းမရှိစေရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက ဆေးပညာရှင်များနှင့် သေချာစွာ ကြပ်မတ်စစ်ဆေးမှသာ မှန်ကန်မျှတသည့် ပြိုင်ပွဲဖြစ်လာမည်ဖြစ်ကြောင်း။
ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် တာဝန်ရှိသူများက ကဏ္ဍအလိုက် အမျိုးသားရေး အသိစိတ်ဓာတ် နှင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် မမျှော်မှန်းနိုင်သည့် လုပ်ငန်းအခက်အခဲ များ ပေါ်ပေါက်လာပါကလည်း တာဝန်ရှိသူအဆင့်ဆင့်က အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မ တီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် အခြေအနေ၊ ပြိုင်ပွဲအမျိုးအစားသတ်မှတ်ခြင်းနှင့် ပြိုင်ပွဲအစီအစဉ် များ၊ ဆုချီးမြှင့်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျင်းပရေးကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန် ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင် တို့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားများကို ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံတော်အဆင့်ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်လျာထားချက်များနှင့် သက်ဆိုင်ရာကဏ္ဍ အလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော် မတီ၊ ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း တင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ စာရင်းစစ် ဆေးရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ တည်းခို နေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီနှင့် ခုံသမာဓိဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်နှင့် ညွှန်ကြားရေး မှူးချုပ်တို့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ချက် များ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့် အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်းသတင်းရရှိသည်။